- Web Master
- ၃၀ မတ် ၂၀၂၃
တိုင်းပြည်မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တာဝန်ကျနေသည့် လဝကဝန်ထမ်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ဝင်ရောက်လာသူများကို ငွေကြေးရယူကာ ဝင်ရောက်ခွင့် ပြုပေးနေသဖြင့် ဒေသမတည်ငြိမ်မှုဖြစ်မည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။
အမည်မဖော်လိုသူ
မောင်တောမြောက်ပိုင်းက
ဒေသခံ
တစ်ဦးက
" ဝင်လာတဲ့သူတွေထဲမှာ တစ်ဖက်တိုင်းပြည်မှာ အဆင်မပြေလို့
လက်ရှိကာလတွင် ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်လာသည့် မွတ်ဆလင်တစ်ဦးကို ကျပ် ၆ သိန်းမှ ၈ သိန်းအထိ ရယူကာ ဝင်ရောက် ခွင့်ပေးနေသည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း သူကဆက်ပြောသည်။
" အခုဆိုရင် တစ်ယောက်ကို ၆ သိန်းကနေ ၈ သိန်းဝန်းကျင်လောက်နဲ့ ငွေယူပြီးတော့ သွင်းနေတယ်လို့သိ
ရေကြောင်းလမ်းနှင့် နယ်စပ်ကုန်းလမ်းများကို အဓိက အသုံးပြုပြီး ရခိုင်ပြည်နယ်အတွင်းသို့ နေ့စဉ်နေ့တိုင်း တရားမဝင် သွင်းပေးလျက်ရှိနေသည်ဟု ဆိုသည်။
ထိုသို့လာဘ်ငွေပေး၍ ဝင်ရောက်လာသူများသည် သရက်အုပ်ချောင်းဝ စခန်း၊ မင်္ဂလာ
တစ်ခြား
အမည်မဖော်လိုသူက
" မောင်တောနယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ ချောင်းပေါက်တွေ အားလုံးမှာ နယ်ခြားစော
ဝင်ရောက်လာသည့် မွတ်ဆလင်များအား ဘူးသီးတောင်မြို့နယ် ဘဒနာ၊ မောင်နီကိုလ်၊ စိမ်းညှင်းပြား၊ ဦ
" ကုန်ခဲ့တဲ့လကတောင် မူဆလင်နှစ်ယောက်သုံးယောက်ဖမ်းပြီးတော့အသတ်ခံရတာရှိပါတယ်။ နယ်ခြားစောင့် ရဲတွေ လဝကတွေကပိုက်ဆံယူတယ်။ သွင်းလိုက်
ယင်းအဖွဲ့များသည် ဒေသခံပြည်သူများထံမှ ဓားမြတိုက်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ လူသတ် မုဒိမ်းကျင့်ခြင်း စသည်ဖြင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြား
မောင်တောမြို့ပေါ်က အမျိုးသားတစ်ဦးက “ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေကို တရားဝင် နှစ်ဖက် အစိုးရ သဘောတူညီမှုနဲ့ စိစစ်လက်ခံသင့်ပါတယ်။ အခုလို ပိုက်ဆံယူပြီး တရားမဝင် သွင်းနေတာကတော့ အန္တရာယ်ကြီးပြီး ဒေသ မတည်ငြိမ်မှုကိုလည်း ဖြစ်စေပါတယ်။ နောင်ခါ ဖြေရှင်းလို့ မရတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။ ယခင်က ဖြစ်ပျက်ခဲ့တဲ့ သင်ခန်းစာကို ယူသင့်ပါတယ်” ဟု ပြောကြားသည်။
၎င်းပြင် စစ်ကောင်စီ၏ လဝကဝန်ထမ်းများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသည့် မွတ်ဆလင် တစ်ဦးလျှင် ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ လာဘ်ငွေ ယူပြီး မှတ်ပုံတင်များ(နိုင်ငံသား စိစစ်ရေး ကဒ်များ) ထုတ်ပေးနေကြောင်းဖြင့်လည်း လ၀ကအဖွဲ့နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပါ။
ဓာတ်ပုံ- ယခင်ပုံဟောင်း