သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အတိတ်သမိုင်းများကို သင်ခန်းစာယူနိုင်ကြမည်ဆိုလျှင် ရက္ခိုင်နှင့် ဗမာဟာ ရှေ့လျှောက်မှာ အကောင်းဆုံး မိတ်ဆွေများ ဖြစ်ကို ဖြစ်ကြရမည်ဟု ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 23.1k

သျှင်မင်းဇံ၊ နိရဉ္စရာ၊ ဇူလိုင် ၈/ ၂၀၂၄

အာရက္ခတပ်တော် ( AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အတိတ်သမိုင်းများကို ကောင်းကောင်း သင်ခန်းစာယူနိုင်ကြမည်ဆိုလျှင် ရက္ခိုင်နှင့် ဗမာဟာ ရှေ့လျှောက်မှာ အကောင်းဆုံး မိတ်ဆွေများ ဖြစ်ကို ဖြစ်ကြရမည်ဟု ပြောဆိုလိုက်သည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုတေဇာဆန်းက  ဇူလိုင် ၇ ရက်နေ့က သူ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဗိုလ်ချုပ်နှင့် အပြန်အလှန်ပြောဆိုမှု ပုံစံဖြင့် အတူ ရိုက်ထားသည့် ဓာတ်ပုံနှင့် အတူ ဖော်ပြ ရေးသားထားခြင်းဖြစ်သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ ကိုတေဇာရ၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဓလေ့တွေဘက်က တကယ်တမ်း ချိန်ထိုးကြည့်ရင် ရက္ခိုင်နဲ့ ဗမာဆိုတာ ဒီနိုင်ငံမှာ အရင်းနှီးဆုံး၊ အနီးစပ်ဆုံး အမျိုးတွေလို့ ပြောရမယ်ဗျ။ ကျနော်တို့တွေသာ အတိတ်သမိုင်းတွေကို ကောင်းကောင်း သင်ခန်းစာယူနိုင်ကြမယ်ဆိုရင် ရက္ခိုင်နဲ့ ဗမာဟာ ရှေ့လျှောက်မှာ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်ကို ဖြစ်ကြရမယ်ဗျ” ဟု ပြောဆိုသည်။

ကိုတေဇာကလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ စကား အပေါ် ယခုလို တုံ့ပြန်ပြောဆိုသည်။

“ ဟုတ်၊ ဗိုလ်ချုပ်။ ဒါပေါ့ခင်ဗျာ။ ဒီလိုပဲ ဖြစ်ရမှာပဲခင်ဗျ။ ဒီနေ့ (၂၁) ရာစု၊ နွေဦးတော်လှန်ရေးခေတ် ကျနော်တို့ ပြည်သူတွေဟာလည်း နိုင်ငံရေးအသိရေချိန် အများကြီး တိုးတက် ပွင့်လင်းသွားကြပါပြီ။ တန်းတူခွင့်၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြီးပြည့်စုံတဲ့ ခေတ်သစ် စနစ်သစ်ကို မဖြစ်မနေ တည်ဆောက်ကြမယ်ဗျာ။ ဒီအတွက်လည်း ကျနော်တို့တသက်မှာ တခါသာရမယ့် အကောင်းဆုံး အခွင့်အရေးကြီးက လက်တကမ်းမှာပဲခင်ဗျ” ဟု ပြောဆိုခဲ့သည်။

ကိုတေဇာဆန်းက "သာလီစွပါ အာရက္ခ မိတ်ဆွေကြီးတို့" ဟု နှုတ်ဆက်စကားဆိုကာ အာရက္ခ မိတ်ဆွေကြီးတို့ အောင်ပွဲများအတွက် အထူးဂုဏ်ယူ၊ အားတက်ရပါကြောင်း၊  အာရက္ခ မိတ်ဆွေကြီးတို့ အိပ်မက်များ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ကြပါစေကြောင်း၊ ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြရန်နှင့်  အရေးတော်ပုံ အောင်ရမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

ဆက်စပ် သတင်းများ