- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
(မောင်တောမြို့အဝင်/အထွက်လမ်းများအားစစ်ကောင်စီကပိတ်ဆို့ထား)
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၉ ရက်/၂၀၂၄
မောင်တောမြို့နယ်ရှိ စစ်ကောင်စီ ပန်းတောပြင် နယ်ခြားစောင့်စခန်းသည် မောင်တောမြို့သို့ တပ်ဆုတ်သွားပြီး အနီးအနားရှိ ပန်းတောပြင်တံတားကိုလည်း ဖောက်ခွဲဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
၎င်းတံတားသည် မောင်တောမြို့တောင်ဖက် ၂ မိုင် ၁ ဖာလုံအကွာတွင်တည်ရှိသည်။
ပန်းတောပြင်နယ်ခြားစောင့်စခန်းသည် မေလ ၉ ရက်မနက် ၅ နာရီခန့်၌ နောက်ဆုတ်သွားပြီးနောက် မနက် ၆ နာရီကျော်၌ တံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ပန်းတောပြင် မွတ်ဆလင်ကျေးရွာသားများက ပြောကြားသည်။
"ပန်းတောပြင်နယ်ခြားစောင့် စခန်းနောက်ဆုတ်ပြီးတာနဲ့ တံတားမိုင်းပေါက်ကွဲတာ။ ဒီတံတားမရှိရင် တောင်ပိုင်းက ကျေးရွာ ၉ ရွာလောက်က လုံး၀ သွားလာရေးခက်ခဲသွားပြီ" ဟု ၎င်းက ပြောကြားသည်။
ပန်းတောပြင်တံတားမိုင်းခွဲခံဖျက်ဆီးခံခဲ့ရတာကြောင်း ပန်းတောပြင်ရွာအုပ်စုရှိ ကျေးရွာ ၄ ရွာအပြင်၊ ပဒင်း၊ မကျည်းချောင်း၊ ညောင်ချောင်း၊ နူရ်လာစသည့် မွတ်ဆလင်ကျေးရွာများတည်ရှိသည်။
"ဒီပန်းတောပြင်တံတားကိုဖျက်ဆီးလိုက်တာက ကျွန်တော်တို့ မွတ်ဆလင်တွေတော်တော်လေး ဒုက္ခ တွေ့နေကြရပြီ။ သုံးဘီးတွေနဲ့ ဆိုက္ကယ်တွေသွားမရတော မြို့ထဲ့ကိုစျေးလာဝယ်မှာတို့ ဆေးခန် းလာပြမယ့် အမျိုးသမီးတွေ၊ ဗိုက်ကြီးသည်တွေ၊ သက်ကြီးရွယ်အိုတွေ အားလုံး ဒုက္ခရောက်ကြရမှာ"ဟု ပြောဆိုသည်။
မေလ ၈ ရက် ၌ မောင်တောမြောက်မိုင်းသို့သွားလာရာ၌အဓိကကျသည့် အလျား ( ၁၀၀) ပေ၊ အနံ ( ၁၂) ပေရှိ ၃ မိုင် သံတံတား၊ အလျား (၁၅၀) ပေခန့်၊ အနံ (၁၀)ခန့် ရှိလှဖိုးခေါင်သွားလမ်းပေါ်ရှိ လှဘော်ဇားတံတား၊ အလျား ( ၁၆) ပေ၊ အနံ ( ၁၂) ပေရှိသော ဧတေလီယာကျေးရွာအုပ်စု ကံကျမြောက်ရွာ ကွန်ကရစ်တံတားလည်း စစ်ကောင်စီက ဖျက်ဆီးလိုက်ပြီဖြစ်သည်။
လက်ရှိ အချိန်ထိ မောင်တောမြို့တွင်းဆက်သွယ်ထားသည့် တံတား ၄ စင်အား စစ်ကောင်စီမှ ဖြတ်တောက်လိုက်ပြီး လက်ရှိ၌ ပြည်သူများအားမြို့ပြင်သို့သွားလာခွင့်မပြုသလို့ မြို့တွင်းသို့လည် ဝင်ရောက်ခြင်းမပြုဘဲ မြို့အားပိတ်ဆို့ထားကြောင်း မောင်တောဒေသခံများထံမှသိရသည်။