- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
သင်ဇာနွယ်၊ နိရဉ္စရာ- ဇွန် ၅၊ ၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ် ငွေတောင်ကျေးရွာ အနီးတွင်
ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းမှ
တပ်ဆုတ်ထွက်ပြေးသွားသည့် မြန်မာ စစ်ကောင်စီ စစ်ကြောင်းသည် ဒေသခံ ၅ ဦးကို
လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း
သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ မောင်တောမြို့နယ်သာယာကုန်း
ရခိုင်ရွာမှ ဦးလှမောင်သန်း၊ ဦးလှထွန်း၊ ဦးထွန်းနုစိန်နှင့်
မကျည်းကုန်းရွာမှ ဦးဒူရီးနှင့် ဦးလှသန်းတို့ ဖြစ်ကြောင်း သိရသည်။
၎င်း ၅ဦးကို ဇွန်လ ၃
ရက်နေ့ ညနေပိုင်းက ငွေတောင်ရွာအနီးတွင်
ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ တပ်ဆုတ်ထွက်ပြေးလာသည့် စစ်ကောင်စီ
စစ်ကြောင်းက လမ်းတွင်တွေ့ရှိသည့် အမျိုးသား
၅ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ
အဆက်အသွယ် မရသေးကြောင်း မောင်တောဒေသခံအမျိုးသားတစ်ဦးက
နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" သူတို့က နခခ၅ ကစစ်သား
တွေကငွေတောင်အနားကို စစ်ကောင်စီစစ်ကြောင်းထွက်လာရင်း တိုက်ပွဲ စဖြစ်ကြတာ။
အာရက္ခတပ်တော်ရဲ့တိုက်က်ခိုက်မှု
တပ်ဆုတ်
ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား များမှာ အင်အား ၈၀ ကျော်ခန့်ရှိပြီး ရွာသား များအား
မည်သည့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမသိသေးကြောင်း ၎င်းကပြောသည်။
" တပ်ဆုတ်ထွက်ပြေးတာ
အတိကျခန့်မှန်းလို့မရပေမယ့် အင်အားကည
၈၀ ကျော် ၉၀ လောက်ရှိမယ်။ ဖမ်းဆီးသွားတဲ့သူကိုတော့
ဘယ်ကိုခေါ်တာလဲမသိရသေးဘူး" ဟုပြောသည်။
မောင်တော ၄ မိုင်သီဟိုလ်ခြံနှင့် ငွေတောင်အနီးတွင်လည်း ဇွန်လ ၄ ရက်ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြရကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊
နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်အထိ ( ၆ ) လတာကာလအတွင်း ရခိုင်တွင်
အမျိုးသား ၃၄၆ ဦး နှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း အရပ်သား
၄၂၅ ဦး ဖမ်းဆီး ခံထားရပြီး ဖမ်းဆီးခံရသူများအနက်
မွတ်ဆလင် ၃၉ ဦး နှင့် ရခိုင်လူမျိုး ၃၈၆ ဦးတို့ပါဝင်ကြောင်း
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်လူ