- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊
နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၄
ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်၊ ကိုင်းကြီးမြိုရွာမှငါးရှာသွား
ပျောက်ဆုံးနေသူများမှာ
ဦးဆိုင်ဝင်း (၄၅)နှစ်၊ သားများဖြစ်ကြသည့် မောင်လင်ကြီး
သူတို့သည်
စက်တင်ဘာ ၃၀ ရက်၊ နံနက် ၈ နာရီ၌ မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ ငါးရှာသွားကြ
ရွာသားတစ်ဦးက "ပျောက်နေတာ သားဖလေးယောက်ပါ။ သားအရင်းက နှစ်ယောက်။
အစ်ကိုသားက တစ်ယောက်ပါ။ သူတို့ သားဖလေးယောက်က
မေယုတောထဲက လက်ဝဲချောင်းမှာ ငါးသွားရှာပြီး ပျောက်နေကြတာပါ"ဟု ပြောကြားသည်။
စတင်ပျောက်ဆုံးသည့်နေ့
ညအချိန်မှစပြီး ရွာသားလူငယ် ဆယ်ဦးခန့်က သွားရောက် ရှာဖွေခဲ့သော်လည်း
မတွေ့ခဲ့ဟုဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ နံနက်မှစတင်ကာ
ရွာရှိ တစ်အိမ်တစ်ယောက်ကျစီဖြင့် ရွာသား
၆၀ ကျော်စုပေါင်းပြီး မေယုတောနက်အထိ သွားရောက်ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသူများ၏ အသုံးအဆောင်
"သူတို့ လေးဦးထိုင်နေခဲ့တဲ့နေရာမှာ ကလေးတစ်ယောက်ဆောင်းတဲ့
ဦးထုပ်တစ်လုံးနဲ့ သူတို့ကိုရိုက်ထားတဲ့တုတ်တွေ
တွေ့ပါတယ်။ လူတွေကို မတွေ့ပါဘူး။ အာဆာတွေ ဖမ်းဆီးသွားတယ်လို့တော့ အားလုံးက
ထင်နေကြပါတယ်"ဟု ပြောဆိုသည်။
ယနေ့တွင်လည်း
ပျောက်ဆုံးနေသူများကို ရွာသား ၆၀ ကျော်စုပြီး ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
ထိုမေယုတောင်တန်းရှိလက်ဝဲချောင်
ကိုင်ကြီးမြိုရွာ၌ အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၉၀၀
ခန့်နေထိုင်နေကြပြီး မေယုတောထဲ၌ ဖားရှာ၊ ငါးရှာ၊ဟင်းရှာပြီး
ရောင်းချစားသောက်နေထိုင်နေကြသည့်
ပြီးခဲ့သည့်
စက်တင်ဘာလ ၂၆ ရက်ကလည်း မောင်တောမြို့၊ ၄ မိုင်မှ ငါးသွားမျှားသည့် အသက် ၁၁
နှစ်အရွယ် ၅ တန်းကျောင်းသားတစ်ဦးသည်
ဦးခေါင်းအား
တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာ(၁)ချက်နှင့် ညာဖက်ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့်
အသတ်ခံခဲ့ရသည်။
အဆိုပါကျောင်းသားအသတ်ခံရမှုတွင်
ပြစ်မှုကျူးလွန်သူကို ရှာမတွေ့သေး၍ အာရက္ခတပ်တော်(AA)က
စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ
- ကိုင်းကြီးမြိုရွာအား တွေ့ရစဉ်။