တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် ဒီဇင်ဘာ ၂၆ တစ်ရက်တည်းအတွင်း ကလေး ၃ ဦးအပါအဝင် ၅ ဦးသေဆုံး၊ လူပေါင်း ၁၀ ခန့် ဒဏ်ရာရရှိ


  • ရေးသူ: Web Master (NN 11,NN 13)
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 964

(မြောက်ဦးတိုက်ပွဲ ရက်တာကာလအတွင်း အရပ်သားသေဆုံးသူ ဦးရှိသွားပြီ)  

မြောက်ဦးမြို့တွင် ဒီဇင်ဘာ ၂၆ ရက် တစ်ရက်တည်းအတွင်း သေဆုံးသူ ကလေးငယ် ဦး အပါအဝင် လူ ဦးရှိပြီး ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်း သိရှိရသည်။

သေဆုံးသွားသူများမှာ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပု (၅၄) နှစ်၊ ဘုရားပေါ်စစ်ဘေးရှောင်စခန်းက မယုလှိုင်မိုး(၁၀)နှစ် မအေးသန်းကြည်(၁၁) နှစ် မောင်ကျော်မင်းစိုး ( )နှစ်နှင့်  ဒေါ် စိန်ဝါနု (၅၂) နှစ်တို့ ဖြစ်ကြသည်


လက်ကောက်ဈေးအုပ်ချုပ်ရေးမှူးမှာယနေ့ဒီဇင်ဘာ၂၆ရက်နံနက်ကတည်းကသေဆုံးနေပြီး အလောင်းကို  နေ့လယ် ၂နာရီခန့်က တွေ့ရှိခဲ့သည်ဟု မြောက်ဦးဒေသခံတစ်ဦးကနိရဉ္စရာကို ပြောသည်။

" အဲ့ဒီ အုပ်ချုပ်ရေးမှူး ရပ်ကွက်က တိုက်ပွဲဖြစ်နေတဲ့ သူတော်မတောင်အောက်က ရပ်ကွက်ဖြစ်တယ်။ သူက တစ်ယောက်ထဲ ဟင်းခင်းကနေ ဟင်းသီးဟင်းရွက် သွားခူးတာလို့ ပြောတယ်။ သေနေတာက မနက်က တည်းက အလောင်းကို နေ့လယ်မှာ တွေ့တာ။ အဲဒီရပ်ကွက် တစ်ခုတည်းကို စစ်တပ်က  လက်နက်ကြီးပစ်တာ အလုံး ၇၀ လောက်ရှိပြီ" ဟုပြောသည်။


နောက်ဖြစ်စဉ် တစ်ခုဖြစ်သည့် လောကမူ ရပ်ကွက်၊ ဘုရားပေါ် စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နာရီကျော်ခန့်၌ ဒရုန်းဖြင့် ဗုံးချသဖြင့် ကလေးငယ် ဦး အပါအဝင် ၄ ဦးသေဆုံးပြီး  ၁၀ ဦးဝန်းကျင်ခန့်ဒဏ်ရာရရှိကြောင်းသိရသည်။

စစ်ကောင်စီက ဒီနေ့ညနေဘက်မှာ ဒရုန်းနဲ့ အပေါ်ကပစ်ချလို့ ဘုရားပေါ်ကျောင်းဓမ္မာရုံကိုကျပါတယ်။ စစ်ဘေးရှောင်နေတဲ့ ဒေါ်စိန်ဝါနုနဲ့  ၁၀ နှစ်အရွယ် ကလေး သုံးယောက် သေတယ်။ ဒဏ်ရာရတဲ့ သူတွေကို ဟိုဘက်ဒီဘက်ခွဲပို့လိုက်တော့ အတိအကျမသိရသေးဘူး။ ပြီးတော့ ဆေးရုံကို ပို့နေတုန်း မိန်းကလေး တစ်ဦး ထပ်ဆုံးတော့ စုစုပေါင်း ကလေး သုံးယောက် ဆုံးသွားတယ်။ နောက်ထပ် ဒဏ်ရာရသူ ဆယ်ဦးထက်မနည်းရှိပါတယ် " ဟုပြောသည်။


အဆိုပါကျောင်းတွင် ခိုလုံနေသည့် စစ်ဘေးရှောင်များမှ တခြားဘေးလွှတ်ရာသို့ ရှောင်းပြေးသည့် သူများရှိသလို့ ရှောင်ပြေးရန် ငွေကြေးမတတ်နိုင်သည့် စစ်ဘေးရှောင်များအနေဖြင့် ၎င်းစစ်ဘေးရှောင် စခန်းတွင်ပင် ဆက်လက် ရှိနေသေးကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဦးမြို့တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ ၂၆ ရက်နေ့အထိ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လူနေရပ်ကွက်များကို ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ပြုလုပ်နေသဖြင့် အနည်းဆုံး လူ ဦးသေပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိကြောင်း နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရှိရသည်။(NN 11  and NN 13)





ဆက်စပ် သတင်းများ