- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နိရဥ္စရာ၊ ဇွန်လ ၁၉/ ၂ဝ၁၉
သက်တမ်းကုန် ဆေးဝါးများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဘင်္ဂလာဒေ့ရှ် အဆင်မြင့် တရားရုံးမှ သက်တမ်းလွန် ဆေးဝါးများအား ဖမ်းဆီးပြီး တစ်လအတွင်း ဖျက်ဆီးပစ်ရန် အစိုးရအား အမိန့်ထုတ် ညွှန်ကြားလိုက်သည်။
ညွှန်ကြားရာတွင် နိုင်ငံ အနှံ့တွင် သိုလှောင်၊ ထောက်ပံ့၊ ရောင်းချနေသော သက်တမ်းလွန် ဆေးဝါးများအားလုံးကို ဖမ်းဆီးအရေးယူရန်နှင့် တစ်လအတွင်း ဖျက်ဆီးပစ်ရန် စသည့် အချက်များ ပါဝင်သည်။
၎င်းပြင် အဆင့်မြင့် တရားရုံးမှ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့မှ (DGDA)၊ ညွှန်ကြားရေးမှူး စားသုံးသူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး (DNCRP)၊ ညွှန်ကြားရေးမှူး ကျန်းမာရေးဌာန (DGHS) တို့အားလည်း စုံစမ်းရေး ကော်မတီသီးခြားစီ ဖွဲ့ပြီး ဆေးဝါး ကုမ္ပဏီများနှင့် သက်တမ်းကုန် ဆေးဝါးများကို သိုလှောင်၊ ထောက်ပံ့၊ ရောင်းချနေသည့် ကုမ္ပဏီများကို စစ်ဆေးရန် ညွှန်ကြားလိုက်သည်။
၎င်းကော်မတီများသည် အစိုးရ အာဏာပိုင်များအနေဖြင့် မည်သို့ အရေးယူဆောင်ရွက်သည်ကို စောင်ကြည့်ရမည်ဟု ဆိုသည်။
ဒေအတွင်းက လူ့အခွင့်အရေး အန်ဂျီအို တစ်ခုဖြစ်သည့် Justice Watch Foundation အဖွဲ့၏ ဦးဆောင်ဒါရိုက်တာ ဖြစ်သူ Mahfuzur Rahman Milon မှ သက်တမ်းလွန် ဆေးဝါးများနှင့် ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့ အသနားခံစာဖြင့် တင်ပြလာမှု အပေါ် တုန့်ပြန်သည့်အနေဖြင့် အဆင့်မြင့် တရားရုံးမှ တရားသူကြီး နှစ်ဦးမှ ထိုသို့ ညွှန်ကြားမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ အမိန့်ထုတ်ခံရသည့် ကျန်းမာရေးဌာနများအနေဖြင့် အမိန့်ကို လိုက်နာရန်နှင့် အစီရင်ခံကို တရားရုံးသို့ ဇူလှိုင်လ ၁၆ ရက်နေ့ တင်ပြရမည် ဖြစ်သည်ဟု ဆိုသည်။
Ref: Seize, destroy all expired drugs