သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရက္ခိတပြက္ခဒိန်ရောင်းသူ အပါအဝင် လူ၄ဦးကို ငပုတောတရားရုံးက ထောင် ၂ နှစ်စီချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၈/၂ဝ၁၉

ရက္ခိတ ခေတ်လေးခေတ်ပြက္ခဒိန်ရောင်းချသူအပါအဝင် လူ ၄ ဦးတို့အား ယနေ့တွင် ဧရာဝတီဒေသကြီး၊ ငပုတောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ် ၂ စီချမှတ်ခံရသူများမှာ ရန်ကုန်မြို့ကျောက်မြောင်းတွင်နေထိုင်သည့် ပြက္ခဒိန်ရောင်းချသူ ကိုသိန်းအောင်မြင့်၊ ရန်ကုန်မြို့မှ ကားအငှာလိုက်ပါသွားသူ တက်ဆီကားဒရိုင်ဘာ ဗိုလ်ဆန်း၊ အလည်လိုက်ပါသွားသူ စစ်တွေမြို့မှ ကောင်းမြတ်သူ နှင့်  ဟိုင်းကြီးကျွန်း ရွာသစ်ရွာမှ လမ်းပြခေါ်လာသူ ဝင်းဗိုလ်တို့ ဖြစ်ကြောင်းသိရသည်။

၄င်းတို့မှာ ယခုနှစ် ဧပြီလ ၆ ရက်နေ့ ဟိုင်းကြီးကျွန်းတွင် ရက္ခိတပြက္ခဒိန်ကို နယ်လှည့်ရောင်းချနေစဉ် ထိုပြက္ခဒိန်၌ ရက္ခိုင့်တပ်မတော်နေ့ဟု ပါရှိသည့်တွက် ရက္ခိုင့်တပ်တော် AA နှင့်ဆက်သွယ်သည် ထောက်ပ့ံသည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်ရေးပုဒ်မ ၁၇(၁)ဖြင့် ငပုတောရဲစခန်းတွင် အမှုဖွင့် စစ်ဆေးခံနေရခြင်းဖြစ်ပြီး ယနေ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် တရားရုံးတွင် ထိုသို့ ထောင်ဒဏ် ၂ စီချမှတ်လိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးထောင်ချခံရသူ ကိုသိန်းအောင်မြတ်၏ ဇနီး ဒေါ်မိုးသန္တာခင်က “အခုလိုထောင်ချခံရတာ မတရား ထောင်ချ ခံရတယ်လို့ ခံစားရပါတယ်။ အမှန်တကယ်လည်းမတရားချတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သက်သေတွေကို Facebook ထဲကယူထားတယ်။ ရခိုင်သားတိုင်းက ရခိုင်ပြည်မှာ ဖြစ်နေတဲ့ သတင်းတွေကို တစ်ယောက်ကို တစ်ယောက်ချိတ်ပြီးတင်ကြပါတယ်။ ဒါလူ့အခွင့်အရေး တစ်ခုပါနော်။ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ဗွီဒီယိုဖိုင်တွေကို တစ်ယောက်နဲ့တစ်ယောက် အဲ့လို ချိတ်ပြီးတင်ထားကြတယ်။ အဲဒါကို သူတို့ကခွေကူးပြီး သက်သေ တင်ပါတယ်။ ဟိုအရင် ၄နှစ် ၅နှစ်ကတင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း သက်သေတင်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပြက္ခဒိန်များတွင် မြန်မာ့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်၊ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂၊ ဦးဥတ္တမနေ့ စက်တင်ဘာ ၉ ရက် စသဖြင့်ပါရှိပြီး သူထုတ်ဝေသည့် ပြက္ခဒိန်တွင် AA ထူထောင်သည့်နေ့ ဧပြီ ၁ဝ ရက်ဟု ပါရှိကြောင်းသိရသည်။

မိသားစုစားဝတ်နေရေး အတွက် ပြက္ခဒိန်ရောင်းချရခြင်ဖြစ်ကြောင်း၊ သားသမီး ၂ ယောက်ရှိပြီး မိသားစု စားဝတ်နေရေးအတွက် ငွေရှာသည့် အိမ်ထောင်ဦးစီးမှာ ယခုကဲ့သို့ ထောင်ကျခံရ၍  ကလေး ၂ ယောက်ဖြင့် ၄င်းတို့မိသားစုမှာ နေစရာမရှိ လွန်စွာဒုက္ခရောက်နေရကြောင်း၊ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်၌ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် နေထိုင်နေရကြောင်း ဒေါ်မိုသန္တာခင်က ပြောသည်။

ဆက်လက်ပြီး ဖမ်းဆီးထောင်ချခံရသူထဲမှ ကောင်းမြတ်သူ၏ ဖခင် ဦးကျော်လှစိန်ကလည်း ထုတ်ဝေ ရောင်းချသူနှင့်အတူ လည်လိုက်လာသူ၊ ကားဒရိုင်ဘာ လမ်းပြတို့အား ပြစ်မှုတန်းတူချမှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ ထိုသို့ တန်းတူချမှတ်လိုက်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းသာဖြစ်သည်ဟု သုံးသပ်ကြောင်း ပြောဆိုသည်။

-----------------------

Unicode:










ဆက်စပ် သတင်းများ