သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် ကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုးရှိ ယာဘာစိတ်ကြွဆေးပြားဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယခုလ ၂၁ ရက်နေ့က ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၄ဝဝ ကျော်ခန့် ရှိ ယာဘား စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၅ဝဝ ပြားကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ လူမနေသည့် အိမ်တစ်လုံးမှ  ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၉ဝဝ ကျော်ခန့် ရှိ ယာဘားစိတ်ကြွဆေးပြား စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြားကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

၎င်းဆေးပြားများကို သြဂုတ် ၁၉ ရက် ည ၈ နာရီခွဲခန့်တွင် ဂုံးနားကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့်နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေး ရှာဖွေရာ နေအိမ် အိပ်ခန်းအောက်မြေကြီးအတွင်း  ဆာလာအိတ်ဖြင့် ထုပ်ပြီး မြှုပ်နှံထားရာမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ် အဘူကျကျေးရွာအနီး လူ ၃ ဦးမှ ဆာလာအိတ်ကို ပစ်ချပြီး ထွက်ပြေး သွားခဲ့ရာမှ ၎င်းဆာလာအိတ်အား စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁၅ဝဝ ကျော်ခန့်)ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

၎င်းဆေးပြားများကို မောင်တောမြိုကနယ်  အဘူကျကျေးရွာအနီး အနောက်ဘက် မီတာ ၈ဝဝ ခန့် အကွာရှိ ပုစွန်ကန်တာပေါင် လမ်းပေါ်၌ ဆာလာအိတ်တစ်အိတ် ထမ်း၍ လမ်းလျှောက်လာသူ မသင်္ကာဖွယ် ဘင်္ဂါလီ သုံးဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်းတို့ သုံးဦးသည် ဆာလာအိတ်ကို ပစ်ချပြီး ထွက်ပြေး သွားခဲ့ရာမှ ဖမ်းမိသည်ဟု ရဲတပ်ဖွဲ့ သတင်းတွင် ဖော်ပြထားသည်။

၎င်းတစ်နေ့တည်း သိမ်းဆည်းရမိသည့် ဆေးပြားအရေအတွက်မှာ ၁၇၅၅ဝဝ ပြားဖြစ်သည်။

ဆက်စပ် သတင်းများ