တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် လေကြောင်းခရီးသည် ၃ ဦး၌ ကိုဗစ်ပိုးတွေ့၊ ၁၂ ရက်အတွင်း ပိုးတွေ့သည့်လေကြောင်းခရီးသည် ၁၃ ဦးဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁/၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လေယာဉ်ဖြင့်ထွက်ခွာမည့်ခရီးသည်များကို ကိုဗစ်စစ်ဆေးရာ ယနေ့တွင် မူဆလင် ၂ ဦးအပါအဝင် ၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၁၂ ရက်အတွင်း ပိုးတွေ့သည့်လေကြောင်းခရီးသည် ၁၃ ဦးဖြစ်သွားပြီဟု သိရသည်။
စစ်တွေမှ လေကြောင်းဖြင့်သွားမည့်ခရီးသည်များကို နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၁ စစ်တွေတက္ကသိုလ်ကျောင်းဟောင်း၌ ရက်အထိ ၁၂ ရက်အတွင်းစစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် လေကြောင်းခရီးသည်များအားကိုဗစ်စစ်ဆေးရာ မူဆလင်အမျိုးသား ၁ ဦး၊ မူဆလင်အမျိုးသမီး ၁ ဦးနှင့် နောက်ထပ် ၁ ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း Rakhine Covid-19 Watch မှ ကိုထွန်းလှိုင်က နိရဥ္စရာကိုပြောသည်။
“သူတို့တွေအားလုံးကတော့ ကျန်းမာရေးကောင်းပါတယ်။ ကိုယ့်ကိုကိုယ် နေမကောင်းဖြစ်နေတယ်လို့တောင် ထင်မှာမဟုတ်ဘူး”ဟု ပြောသည်။
ယနေ့ပိုးတွေ့ရှိခဲ့သည့် မူဆလင် ၂ ဦးကို စစ်တွေမြို့နယ် သက္ကေပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန် ၁ ဦးကိုမူ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လေယာဉ်စီးခရီးသည်များအား စစ်တွေတက္ကသိုလ်ကျောင်းဟောင်းတွင် ကိုဗစ်စစ်ဆေးရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က ၇ နှစ်အရွယ်ကလေး ၁ ဦး၊ ဒီဇင်ဘာလ ၁ ရက်က ၇ ဦးနှင့် နိုဝင်ဘာလ ၃ဝ ရက်က ၂ ဦး၊ ယနေ့တွင် ၃ ဦး၊ စုစုပေါင်း ၁၃ ဦးအထိ ကိုဗစ်ပိုးတွေ့ထားပြီဖြစ်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသည်ဟု သိရသည်။
“ကိုဗစ်လူနာတွေကတော့ ဆေးရုံမှာ တက်ရောက်ကုသတာ ၁၀ ရက်ပြည့်ရင် ဆေးရုံက ဆင်းရပါပြီ”ဟု ပြောသည်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီး အနည်းဆုံး ၁၄ ရက်ပြည့်ပြီးသောသူများအနေဖြင့် လေကြောင်းခရီးသွားလာသည့်အခါ ကိုဗစ်စစ်ဆေးရန်မလိုအပ်ဘဲ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူများကို ယခုကဲ့သို့ စစ်ဆေးနေခြင်းဖြစ်သည်။
အလားတူ စစ်တွေရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် လှေသမား ၁၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ