တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးခရစ်ကတ်အသင်းသူနှစ်ဦးတွင်အိုမီခရွန်စတွေ့ပြီး နောက်ထပ်အဖွဲ့ဝင်တစ်ဦး၌ကိုဗစ်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅/၂၀၂၁ (နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ခရစ်ကတ်အသင်းမှ အမျိုးသမီးအားကစားသမားနှစ်ဦးတွင် များမကြာမီ ရက်ပိုင်းအတွင်းက အိုမီခရွန် (Omicron) ဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေ့ရှိပြီးနောက် ဆက်လက်စစ်ဆေးမှုပြုလုပ်ရာတွင် နောက်ထပ် အမျိုးသမီးခရစ်ကတ် အားကစားသမား တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ သို့သော် ၎င်းမှာ အိုမီခရွန်မဟုတ်ဘဲ ကိုဗစ်-၁၉ ပိုးသာ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်က လာသော သတင်းများတွင် ဖော်ပြသည်။

ဇင်ဘာဘွေနိုင်ငံမှ ခရစ်ကတ်ကစားပြီး ပြန်ရောက်လာကြသည့်  ဘင်္ဂလားဒေ့ရှ် အမျိုးသမီးခရစ်ကတ်အသင်းမှ အဖွဲ့ဝင်များကို စစ်ဆေးရာ ပထမတွင် အမျိုးသမီးနှစ်ဦး၌ အိုမီခရွန်ဗီဇပြောင်းပိုးသစ် တွေ့ရှိခဲ့ပြီး နောက်ထပ် အခြားအဖွဲ့ဝင်တစ်ဦး ကိုဗစ်-၁၉ (Covid-19)  ရောဂါပိုးတွေ့ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်းမှ မနေ့က အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

အစောပိုင်းတွင် အမျိုးသမီး ခရစ်ကတ်သမားနှစ်ဦး ကိုဗစ် နောက်ဆုံးဗားရှင်းဖြစ်သော Omicron အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ပိုးသစ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ သို့သော်  တတိယတစ်ယောက်မှာ အိုမီခရွန်မဟုတ်ကြောင်း၊ ၎င်းတို့ သုံးဦးစလုံးကို မူဂဒါပြည်သူ့ ဆေးရုံကြီးတွင် သီးခြားခွဲ ခွဲထားကြောင်း ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်း  (BCB)မီဒီယာဌာနအကြီးအကဲ Jalal Yunus က ပြောသည်။

၎င်းတို့သည် ဇင်ဘာဘွေကို ခရစ်ကတ်ကစားရန် သွားရောက်ခဲ့သူများဖြစ်ကြပြီး အဖွဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ဦး  ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့သည်ဟု ဟု BCB မီဒီယာဌာနအကြီးအကဲ ပြောကြားခဲ့သည်။

ခရစ်ကတ်သမားများ တည်းခိုရာ ဟိုတယ်မှ ၎င်းတို့ သုံးဦးစလုံးကို မူဂဒါပြည်သူ့ ဆေးရုံကြီးသို့ပို့ထားပြီး  ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုသည်။

လက်ရှိတွင် အမျိုးသမီးများကို BCB ခရစ်ကတ်အကယ်ဒမီအဆောက်အအုံတွင် သီးသန့်ခွဲထားကာကွာရန်တင်းဝင်နေပြီး လာမည့်  ဒီဇင်ဘာ ၁၉ ရက်တွင် နောက်ထပ်စမ်းသပ်မှုတစ်ခု ပြုလုပ်ရမည်ဖြစ်သည်ဟုဆိုသည်။

ဆက်စပ် သတင်းများ