တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၄) ဦးတွင် အိုမီခရွန်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 710

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈ /၂၀၂၁
ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၄) ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေတွင် ထုတ်ပြန်သည်။
ရောဂါပိုးတွေ့ရှိသူများမှာ မြန်မာနိုင်ငံကို ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြကြောင်း သိရသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာ(၃၀)ခုအား (၁၄-၁၂-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရရှိသောအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးမှာ ရောဂါလက္ခဏာ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို (၄)ဦးစလုံးအား ကုသရေး စင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော ကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း ရောဂါပိုးတွေ့ရှိသူ (၄)ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ