တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ၄ လအရွယ်ကလေးငယ်တစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ /၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၄ လအရွယ် ကလေးငယ်တစ်ဦးထံ၌ ကိုဗစ်ပိုးတွေ့ရှိသည်ဟု သတင်းရရှိသည်။
ကိုဗစ်ပိုတွေ့ရှိသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး(အုန်းခင်း)မှဖြစ်သည်ဟု သိရသည်။
အဆိုပါကလေးငယ်သည် မိခင်ဖြစ်သူနှင့်အတူ ရန်ကုန်သို့သွားရန် ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ညနေ ၃ နာရီတွင် ကျောက်ဖြူပြည်သူ့ဆေးရုံ၌ ကိုဗစ်ပိုးစစ်ရာ မိခင်တွင်မတွေ့ဘဲ ကလေးငယ်ထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်အေးသန်းက နိရဥ္စရာကို ပြောသည်။
“ရန်ကုန်သွားဖို့ဆိုပြီး ကိုဗစ်ပိုးစစ်တဲ့ခါမှာ ကလေးငယ်မှာတွေ့တာ။ မိခင်က ကျောင်းဆရာမ။ သူ့ဆီမှာတော့ မတွေ့ပါဘူး”ဟုပြောသည်။
လက်ရှိတွင် မိခင်နှင့်ကလေးအား ကျောက်ဖြူပြည်သူ့ဆေးရုံရှိ ကိုဗစ်လူနာဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည်ဟု ကျောက်ဖြူခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က ပြောသည်။
“ကလေးက ရောဂါလက္ခဏာပြတော့ သူ့ဆီမှာတွေ့တာပါ။ မိခင်ကတော့ ဘာမှမဖြစ်ဘူး။ လက်ရှိမှာ ကိုဗစ်လူနာဆောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်” ဟုပြောသည်။
ကျောက်ဖြူတွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇန်နဝါရီလ ၂ဝ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၅၈၄ ဦးနှင့် သေဆုံးသူ ၆၃ ဦးရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တု့ံပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ရခိုင်တစ်ပြည်လုံးတွင်ဆိုလျှင် ကိုဗစ်တတိယလှိုင်းအတွင်း ဇန်နဝါရီလ ၂ဝ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၅၂၄၀ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - အောင်လင်းထွန်း / နိရ ဉ္စရာ

ဆက်စပ် သတင်းများ