သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့် ပိတ်ထားသည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီလမှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရ ဉ္စရာ၊ မတ် ၁၉ / ၂ဝ၂၂
ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို လာမည့် ဧပြီလမှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဟု ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ကြေညာလိုက်သည်။
ပိတ်ထားခဲ့ရသည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီလ ၁၇ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပေးမည်ဟု ယမန်နေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာကျဆင်းလာပြီဖြစ်၍ မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာ၌ လွယ်ကူချောမွေ့စေရေးတို့အတွက် အဆိုပါလေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲခွင့်ပြုမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ဝင်ရောက်ဆင်းသက်ခွင့်ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၉ ရက်တွင် စတင်ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရပ်နားထားသည့် နိုင်ငံတကာလေကြောင်းလိုင်းအချို့အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ