သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော်နယ်မှ စစ်ရှောင်စခန်း (၂)ခုတွင် ကလေး(၁ဝ)ဦးခန့် အရေပြားရောဂါဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၂၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းနှစ်ခုတွင် ကလေး (၁၀)ဦးခန့် အရေပြားရောဂါခံစားနေရကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်အတွင်း ကန်စောက်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ကလေး (၅)ဦးနှင့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ကလေး (၅)ဦးခန့် ပါဝင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။
ဦးရွှေဘော်စိန်က “မိုးရာသီမှာဆိုလို့ရှိရင် ကုလားတန်မြစ်ရေပေါက်တယ်။ ဆိုတော့ မြစ်ရေက ပိုပြီးနောက်ကျိလာတယ်။ ယိုးချောင်းကလည်း အရမ်းရှည်လျားတယ်။ မြစ်ရေကိုပဲ အသုံးပြုပြီး ရေချိုးကြတာဆိုတော့ မြစ်ရေမှာ သဲတွေပါတဲ့အခါ အဲဒီလိုအရေပြားယားယံမှုတွေဖြစ်တာလို့သိရတယ်။ အဓိကတော့ ရေမသန့်ရှင်းတဲ့ အတွက်ကြောင့်ပါ။ နောက်ပြီး ဆောက်ပေးထားတဲ့ အိမ်သာတွေကရေမရှိ၊ ရေမရှိတဲ့အခါ အိမ်သာအနီးကိုရောက်တာနဲ့ မကောင်းတဲ့အနံ့အသက်တွေ ထွက်တယ်။အဲဒါက နှစ်နဲ့ချီပြီးဖြစ်လာတော့ အဆောင်ရှိတဲ့ပတ်ဝန်းကျင်က မသန့်ရှင်းတော့ဘူး။” ဟု ပြောပြသည်။
ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း အဆိုပါစခန်းနှစ်ခုတွင် ယခုကဲ့သို့ အရေပြားရောဂါဝေဒနာကို ကလေးငယ်များခံစားခဲ့ရပြီး ယခုရက်ပိုင်းတွင် ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုစစ်ဘေးရှောင်စခန်းများတွင် တဲအိမ်များဆောက်ထားသည့် ပတ်ဝန်းကျင်မသန့်ရှင်းမှု၊ အပူဒဏ်ခံရမှုနှင့် ခြင်ကိုက်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် အသီးအဖုများ ပေါက်ပွားပြီး အရေပြားဝေဒနာကို ခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအပတ်အတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် ကုလားတန်မြစ်ရေတက်ပြီး ရေတင်သည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် နောက်ကျိနေသည့်မြစ်ရေများကို သုံးစွဲနေရသည်ဟုလည်း သိရသည်။
Photos - REC


ဆက်စပ် သတင်းများ