သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရသေ့တောင် ရေဘုတ်ကျေးရွာသား ၁ဝ ဦးကို စစ်တပ်က ခေါ်ယူသွားသဖြင့် မိသားစုများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.8k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ ရွာသား ၁ဝ ဦးကို စစ်တပ်က ယနေ့ နံနက် ၆ နာရီက ခေါ်ယူသွားသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု ကျေးရွာသားများက ပြောသည်။

ခေါ်ယူခံရသူ ရွာသား ၁ဝ ဦးမှာ ဦးမောင်လှကျော်၊ ဦးရွှေသာထွန်း၊ ဦးထွန်းအေးမောင်၊ ဦးလှသာအောင်၊ ဦးကျော်မောင်၊ မျိုးဇော်ဝင်း၊ မောင်မောင် (စိတ်မနှံ့သူ)၊ သာစိန်ထွန်း၊ နီချေမောင်နှင့် မောင်ဝေသိန်းတို့ ဖြစ်ကြသည်။

“ အခု လို ရွာတွေမှာ သေနတ်တွေ ပစ်သံတွေ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်သံဆူညံနေပြီး ဒီလောက် ဖြစ်နေချိန်မှာ ရွာက လူတွေကို ခေါ်သွားတော့ အရမ်း စိုးရိမ်နေပါတယ်။ အခု ရွာအနောက်ဘက်က ချိုင်ရှိပါတယ်။ အဲဒီနေရာကို ခေါ်သွားပါတယ်” ဟု ပြောကြားသည်။

ရေဘုတ်ကျေးရွာသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ယမန်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၅၈ ဦး ခေါ်ဆောင်သွားခဲ့ရာ ရေမျက်ကျေးရွာ အနီးတွင် တည်ရှိသည်။

ရေဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက “ ကျွန်တော်လည်း ရွာမှာ မရှိဘူး။ ထွက်ပြေးနေရတယ်။ လူ ၁ဝ ဦးကို တပ်က ဒီနေ့မနက်က  ခေါ်သွားတာမှန်ပါတယ်။ သူတို့က ရွာအနောက်ဘက်မှာ ချိုင်ရှိပါတယ်။ အဲဒီကို ခေါ်သွားပါတယ်။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ အားလုံးက စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

၎င်းရွာသား ၁ဝ ဦးကို ယနေ့ နံနက် ၆ နာရီက ခေါ်ယူသွားပြီး နံနက် ၉ နာရီခွဲအချိန်ထိ အိမ်ကို ပြန်မရောက်လာသေးကြောင်း ၎င်းက ပြောဆိုသည်။

တပ်မတော်စစ်ကြောင်းသည် ရေဘုတ်ကျေးရွာသို့ ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိလာပြီး ညဉ့်အိပ်ရပ်နားကာ ယနေ့နံနက်က  ရွာသား ၁ဝ ဦးကို ခေါ်ယူသွားခြင်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

---------------------------------

Unicode:


နိရဉ်စရာ၊ အောကျတိုဘာ ၂၇/ ၂ဝ၁၉









ဆက်စပ် သတင်းများ