သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် မှ နေရာအချို့ကို ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညင်းတောင်ကျေးရွာအနီးရှိ တောင်တန်းကို ယနေ့ မွန်းလွဲပိုင်းက တပ်မတော်ဘက်မှ ရဟတ်ယာဉ် နှစ်စီး၊ တိုက်လေယာဉ်တစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ပစ်ခတ်သည့် အချိန်မှာ ယနေ့ မွန်းလွဲ ၃ နာရီခန့်က ဖြစ်ကြောင်း၊  ပစ်ခတ်သည့်နေရာမှာ မညင်းတောင်ကျေးရွာ တောင်ဘက် ရေမျက်ကျေးရွာအနီး တောင်တန်းကို ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မညင်းတောင်ကျေးရွာမှ မျက်မြင်များက ပြောသည်။

 “တိုက်ပွဲတော့မဖြစ်ဘူး။ တိုက်ပွဲမဖြစ်ဘဲ သူတို့ကဒီအတိုင်းပစ်တာပါ။ ရေမျက်နဲ့ နီးတယ်။  အဓိက တောင်ပစ်ပြီး ပြန်သွားပါတယ်။ ပစ်တဲ့ နေရာက မညင်းတောင်နဲ့ ရေမျက်က အနီးလေးသိပ်မဝေးဘူး။ ကျွန်မတို့ မြင်ရပါတယ်” ဟု မညင်းတောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်ခဲ့သည့် အချိန်မှာ မွန်းလွဲ ၃ နာရီမှ  ၃ နာရီခွဲခန့်ထိ ကြာမြှင်ခဲ့ပြီး နာရီဝက်ခန့်အကြာတွင် လှည့်ပြန် သွားကြောင်း မညင်းတောင်ကျေးရွာ သားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ရေပုတ်ကျေးရွာသားတစ်ဦးကလည်း ရဟတ်ယဉ်၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲနေသည်ကို မြင်တွေ့နေရကြောင်း၊ ထိုသို့ပစ်ခတ်နေမှုကြောင်း ကျေးရွာသားများက ကြောက်လန့်ပြီး ဗုံးခိုကျင်းထဲတွင် ဝင်ပုန်းခိုနေရကြောင်း ပြောသည်။

“အဓိက တောင်နားမှာ ပစ်နေတာပါ။ တိုက်လေယာဉ်နဲ့ပစ်နေတာပါ။ လေယာဉ်က ကျနော်တို့ရွာထက်ကနေလည်း ဝဲနေပါတယ်။ ကျနော်တို့အပြင်မထွက်ရဲဘူး။ အိမ်ထဲက ဗုံးကျင်းမှာဘဲ ဝပ်နေကြရတယ်။ ၃ နာရီ ၁ဝ မိနစ်ကနေ စပစ်နေတာပါ ” ဟု ရေပုတ်ကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းငလည်း ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ် မယူကမ်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

-------------------------------

Unicode:










ဆက်စပ် သတင်းများ