- Web Master
- ၂၇ သြဂုတ် ၂၀၂၄
လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၁ ရက်/၂၀၂၄
ရခိုင်ပြည် သံတွဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်မှာ စစ်ကောင်စီတပ်က လမ်းပမ်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည့်အတွက် ရိက္ခာရရှိရန် မလွယ်ကူဖြစ်နေပြီး စားသောက်ရေး အခက်အခဲများ ကျရောက်နေရသည်ဟု ကူညီပေးနေသူများက နိရဉ္စရာသို့ ပြောသည်။
သံတွဲမြို့နယ်
မြောက်ပိုင်း သံတွဲ-တောင်ကုတ်လမ်းတစ်လျှောက်
“ဒေသခံပြည်သူတွေက ဂေါ့က ၇၀၀ ကျော် နဲ့ ကျန်တာက ဆင်းခေါင်းရွာနဲ့ အနီးတဝိုက်က ရွာတွေကပါ။ အခုက စစ်ကောင်စီက အကုန်ဖြတ်တောက်ထားတော့ ဆန်ဝယ်လို့မရ ဆီဝယ်လို့ မရဖြစ်နေတာ။ မြို့ပေါ်က လူတွေက ကူညီချင်ပေမယ့် အေအေကို ထောက်ပံ့တယ်ဆိုပြီး ခေါင်းစဉ်တပ် ဖမ်းဆီးမှာစိုးရိမ်တော့ ကူညီဖို့ခက်ခဲနေတယ်” ဟု ကူညီပေးနေသူတစ်ဦးကပြောသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ
အာရက္ခတပ်တော်မှကယ်ထုတ်လာသူများ
ဖြစ်ကြပြီး ရွှေလှေတိုက်နယ်
ကျေးရွာ များတွင် နေထိုင်နေကြရပြီး
ဂေါ့ကျေးရွာ၊ဆင်ခေါင်း၊
ညောင်ခြေထောက်၊
ခမောင်းတုန်းကျေးရွာတို့မှ စစ်ဘေးရှောင်များပါဝင်ကြောင်းသိ
“မြို့ပေါ်က စစ်ဘေးရှောင်တွေက
တော့အဆင်ပြေပါတယ်။
ရွှေလှေတိုက်
သံတွဲမြို့နယ်
ရွှေလှေတိုက်နယ်ကျေးရွာများသို့
၎င်းပြင် လေကြာင်းမှ တိုက်ခိုက်မှုနှင့် စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်နေ၍ အလှူရှင်များ သွားရောက်ကူညီ လှူဒါန်းရန်မှာ များစွာ အခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။
ရွှေလှေတိုက်နယ် အါအဝင် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နေရာ (၁၆) ခု ရှိပြီး ဒေသခံပြည်သူ ၁၉၀၀ ကျော်ခိုလှုံလျက်ရှိကြောင်းသိရသည်။