သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် တရဂူရွာအနီး စစ်လက်နက်ဟောင်းများဖောက်ခွဲဖျက်ဆီးမည်ဟုထုတ်ပြန်ပြီးနောက် ပေါက်ကွဲသံ (၃)ချက်ထွက်ပေါ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ သြဂုတ် ၂၉/၂ဝ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီးက စက်ပစ်ကွင်းတွင် စစ်လက်နက်ပစ္စည်းအဟောင်းများဖောက်ခွဲဖျက်ဆီးမည်ဟု ထုတ်ပြန်ပြီးနောက် ယနေ့မွန်းတည့်ခန့်က ပေါက်ကွဲသံ (၃)ချက်ထွက်ပေါ်ခဲ့သည်ဟု သိရသည်။
ယနေ့ သြဂုတ်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီခန့်က ပေါက်ကွဲသံ ၃ ကြိမ်ကြားခဲ့ရကြောင်း တရဂူကျေးရွာမှ ဦးမြင့်ဇော်က ပြောသည်။
"နေ့လယ် ၁၂ နာရီလောက်က ပေါက်ကွဲသံ (၃)ကြိမ်လောက်ကြားရတယ်။ ဒေသခံတစ်ယောက်အနေနဲ့ ကိုယ့်ရပ်ရွာထဲကလယ်သမားတွေအန္တရာယ်တခုခုဖြစ်မှာကိုတော့ စိုးရိမ်တယ်။ စက်ပစ်ကွင်းနားက လယ်သမားတွေအနေနဲ့တော့ လယ်ထဲမဆင်းရဘူးပေါ့။" ဟုပြောသည်။
တောင်ကုတ်မြို့နယ် တရဂူရွာနားရှိ စက်ပစ်ကွင်းတွင် သြဂုတ်လ ၂၉ ရက်နေ့၌ စစ်လက်နက်ပစ္စည်းဟောင်းများ ဖျက်ဆီးဖောက်ခွဲမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံ သြဂုတ်လ ၂၆ ရက်နေ့က သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
မည်သည့်တပ်မှ စစ်လက်နက်ပစ္စည်းဟောင်းများအားဖောက်ခွဲသည်ဆိုသည်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍ မရခဲ့ပါ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ဆက်စပ် သတင်းများ