သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့်သွားလာခွင့်ပိတ်ထားခဲ့သည့် မောင်တောမြို့နယ်မှ လမ်းများ ပြန်ဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂ဝ၂၂
တိုက်ပွဲကြောင့် သွားလာခွင့်ပိတ်ထားသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှလမ်းများကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစတင်ပြီး မောင်တောမြို့နယ် မြောက်ပိုင်း ကျီကန်းပြင်နယ်ခြားစောင့်စခန်းဌာနချုပ်မှ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်အကြားရှိ ကားလမ်းကို အသွားအလာ ပိတ်ထားခဲ့သည်။
သို့အတွက် ဖားဝပ်ချောင်း၊ ငန်းချောင်း၊ မင်္ဂလာညွန့်ကျေးရွာများအနေဖြင် အသွားအလာ ပြတ်တောက်သွားခဲ့သည်။
မင်္ဂလာညွန့်ကျေးရွာသားတစ်ဦးကလည်း ယနေ့ နံနက်က ၁၁ နာရီကစပြီး သွားလာခွင့် ပြန်ရပြီဖြစ်ကြောင်း ပြောသည်။
တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းကလည်း ဖားဝပ်ချောင်းကျေးရွာဘက်မှ ရွာသားများ ဈေးရောင်းချရန် လာရောက်နေကြပြီဖြစ်ကြောင်း ပြောသည်။
မောင်တောနှင့် အငူမော်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “မနေ့က လုံးဝမဖြတ်ရပါဘူး။ ဒီနေ့ မနက်ပိုင်းမှာ ပြန်ဖြတ်ခွင့်ရပါတယ်။ အရပ်သားကားတွေလည်း သွားခွင့်ရပါပြီ။ အစစ်အဆေးကတော့ လုပ်ပါတယ်။ အရင်ကလည်း စစ်ဆေးတာပါပဲ” ဟုပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတိုက်ပွဲသည် ဖေဖော်ဝါရီ ၈ ရက်နေ့ထိ ၄ ကြိမ်တိတိ ထပ်မံအပြင်းအထန် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် နယ်ခြားစောင့်တပ်က ကားအသွားအလာများကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
-------------------------------

ဆက်စပ် သတင်းများ