- Web Master
- ၁၂ အောက်တိုဘာ ၂၀၂၄
မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၁၇/၂၀၂၄
အမ်းမြို့က အနောက်ပိုင်းတိုင်းဌာနချုပ် (နပခ) နှင့် အနီးကပ်ဆုံး တပ်နှစ်တပ်ဖြစ်သည့် စရဖနှင့် ဆေးတပ်တို့ကို အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။
ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက်ကစပြီး AA မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် စစ်ကူပေးနေသည်ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကိုပြောပါတယ်။
" ဒီကနေ့ မနက် ၉ နာရီကျော်ကတည်းက စရဖတပ်နဲ့ ဆေးတပ်မှာ အေအေနဲ့ စစ်တပ်တို့ နှစ်ဖက် တိုက်ပွဲ ပြင်းထန် နေပါတယ်။ စစ်ကောင်စီက ညနေ ၃ နာရီကျော်လောက်မှာတော့ ဂျက် နှစ်စီးနဲ့ လာပြီးဗုံးကြဲတယ်။ ခဏနေနောက်တစ်စီးလာတယ်။ ဗုံးကြဲတယ်။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ"ဟု သူကဆိုသည်။
ယခုရက်ပိုင်းအတွင်း အမ်းမြို့ရှိ တပ်ရင်းများအား အာရက္ခတပ်တော်
(AA)က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း
လေကြောင်းကို အသုံးပြုပြီး ခုခံကာကွယ်နေသည်ဟု သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)