သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် AA စစ်ဦးစီးချုပ်၏ညီအပါအဝင် ၈ ဦးအမှုကို ဧပြီ ၂ ရက်နေသို့ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ်လ ၁၈/၂၀၂၁

 

အကြမ်းဖက်အဖွဲ့ကိုငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်များဖြင့် ရန်ကုန်မြို့အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦး အမှုကို ယနေ့ နေ့လယ်ပိုင်းက အွင်လိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့် ဧပြီလ ၂ ရက်နေ့ကို ထပ်မံရုံးချိန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

၎င်းတို့မှာ ၈ ဦးမှာ  ကိုအောင်မြတ်ကျော်ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်ကြသည်။  

 

၎င်းတို့ကို ကိုဗစ် ၁၉ ကြောင့် လွန်ခဲ့သည့် ၇ လခန့်မှစ၍ ရုံးထုတ်နိုင်ခြင်းမရှိပဲ ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှ ဗွီဒီယိုအွန်လိုင်းဖြင့် ရုံးချိန်း ယူနေရခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဉ္စရာ သတင်းဌာနအား ပြောသည်။

 

ဖမ်းဆီးခံ ကိုတင်လှိုင်ဦး၏ ဖခင်ဦးထွန်းတင်ကတရားသူကြီးက ရှေ့ရုံးချိန်းအတွက် လာမယ့် ဧပြီလ ၂ ရက်နေ့ကို ရုံးချိန်းသွားယူခဲ့တယ်လို့ သိရတယ်။ တရားသူကြီးတောင် နောက်တစ်ယောက် ပြောင်းသွားပါပြီ။ အမှုက ဘာတစ်ခုမှ ထူးလာတာမရှိဘူးဟုပြောသည်။

 

ကိုအောင်မြတ်ကျော်အပါအဝင် (၈) ဦးမှာ  င်္ကာပူရခိုင်အသင်းခေါင်းဆောင်များဖြစ်ပြီး ၂ဝ၁၉ ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့ညတွင် စင်္ကာပူပြည်ထဲရေးဌာနမှ ဖမ်းဆီးခံခဲ့ပြီး မြန်မာပြည်သို့ ပြန်ပို့ခံခဲ့ရကာ ဇူလိုင်လ ၁ဝ ရက် ၁၁ ရက်နေ့များက ဖမ်းဆီးခံကြရသည်။  

 

၄င်းတို့မှာ အကြမ်းဖက်မှု ပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂ (က)တို့ဖြင့် အသီးသီး အမှု ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

 

အမှုအား လိုက်ပါဆောင်ရွက်ပေးသူတရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ရုံးထုတ်တာ မဟုတ်ဘူး။ ပုံမှန်အတိုင်းပါပဲ။ ထူးခြားမှုမရှိဘူး။ အခု တရားသူကြီးက ဗွီဒီယို အွန်လိုင်းကနေ ရုံးချိန်း ရမန်ပေးတာပါဟုပြောသည်။

 

အဆိုပါ (၈) ဦးတို့ ရင်ဆိုင်နေရသည့် ပုဒ်မ ၅ဝ(ည)သည်နိုင်ငံတော်အစိုးရက အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေးထောက်ပံ့ပါက တရားစွဲဆိုခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ်ကျခံရမည် ဖြစ်သည်။

 

၄င်းအပြင် ပုဒ် ၅၂(က)သည့် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့၏ တာဝန်များအား ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခြင်းပြုလုပ်လျှင် တရားစွဲဆိုခံရမည့် ပုဒ်မများဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားကြောင်း တရားတရုံးမှ ဆုံးဖြတ်ပါက အနည်းဆုံးထောင်ဒဏ် (၃)နှစ်မှ (၇)နှစ်အထိချမှတ်နိုင်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ