သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AAကို ထောက်ပံ့ကြေးပေးသည်ဟုဆိုကာ ရခိုင်နှင့်မူဆလင်အုပ်ချုပ်ရေးမှူး ၂ ဦးကို အမှုဖွင့်ရန်စီစဥ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ မေ ၆ / ၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို  စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ရန်စီစဥ်နေသည်ဟု သိရသည်။


၎င်းတို့ နှစ်ဦးမှာ စစ်တွေမြို့တွင် မေလ ၄ ရက်နေ့ကအဖမ်းခံရသော ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှင့် ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ဖြစ်ကြသည်။

 

သူတို့ နှစ်ဦးကို   စစ်တွေအမှတ်() ရဲစခန်းတွင်အမှုဖွင့်ရန် စီစဥ်နေသည်ဟု မနေ့က ဖမ်းဆီးခံရရာမှလွတ်လာသူ အမည်မဖော်လိုသည့် မူဆလင်တစ်ဦးက နိရဉ္စရာသတင်းဌာကိုပြောသည်။


" အဖမ်းခံရတဲ့ လူတွေအားလုံးထဲမှာ ၅ ယောက်က ပြန်လွတ်လာလို့ ကျန်တဲ့ ၂ ယောက်က ဘာလို့ မလွတ်တာလဲမေးကြည့်တော့ AAကိုထောက်ပံ့လို့အမှုဖွင့်ဖို့လုပ်နေတာလို့ ရဲစခန်းကရဲအရာရှိ တစ်ယောက်က ပြောတယ်" ဟု
၎င်းက ပြောသည်။

 

ထိုသို့ အမှုဖွင့်မည်ကို စစ်တွေမြို့မရဲစခန်း အမှတ် ၁ စခန်း တာဝန်ရှိသူ တစ်ဦးကို  နိရဉ္စရာသတင်းဌာနမှ သွားရောက်မေးမြန်းရာ အမှုဖွင့်ရန် စီစဉ်နေသည်ဟု အတည်ပြုပြောဆိုသည်။

 

အုပ်ချုပ်ရေးမှူး ၂ ဦးကို ရဲစခန်းတွင်အမှုဖွင့်ရန်စီစဥ်ထားပါတယ်။ ဘာအမှုနဲ့ အမှုဖွင့်မှာကိုတော့ လောလောဆယ် အတိကျမသိရသေးဘူးဟု ပြောဆိုသည်။


မနေ့ကလည်း AA ကို အမဲသားများ သွားရောက် ရောင်းချသည်ဟုဆိုကာ မေလ ၃ ရက်နေ့က ဖမ်းဆီးသွားသည့် မူဆလင်ရွာသား ၅ ဦးကို ခံဝန်ဖြင့် စစ်တပ်မှ မနေ့က  ပြန်လွှတ်ပေးခဲ့သည်။

 

၎င်းတို့မှာ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ) ဦးမောင်ဘ၊ သက္ကယ်ပြင် ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ) စောနီတို့ဖြစ်ကြသည်။

ဆက်စပ် သတင်းများ