- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
လျှပ်စစ်မီး ပြတ်တောက်မှုအပေါ်ဝေဖန် ပြောဆိုခဲ့သည့်
ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက သြဂုတ်လ ၂၃
ရက်တွင် ထောင် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းထံမှ သိရသည်။
၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချစ်ကြင်က “ငါ့
မိန်းမလေး နေမကောင်းဖြစ်နေတာပဲ။ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး အခုတော့
နှစ် ၂၀ တဲ့လား ဘာများလုပ်မိလို့ပါလဲ” ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင်
ရေးသားထားသည်။
ဗျူဟာသည် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် အ
ထိုကဲ့သို့ Live ထုတ်လွှင့်ခဲ့
စစ်ကောင်စီက ၎င်းအား နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို
ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီး
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က)ဖြင့်လည်း ဆက်စပ်
တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။
ဗျူဟာနှင့် နီးစပ်သူတစ်ဦးက “နှစ် ၂၀
ချလိုက်တယ်တဲ့ဗျာ။ သူတို့လုပ်ချင်သလိုလုပ်တဲ့သဘော
မြောက်ဒဂုံမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်
လက်ရှိတွင် အဆိုတော် ဗျူဟာနှင့် မိသားစုဝင်များ (ထောင်ဝင်စာ)
တွေ့ဆုံနိုင်မှုမရရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ - အဆိုတော် ဗျူဟာ (လူမှုကွန်ရက်)