တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အွန်းလိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအပါအဝင် တရုတ်နိုင်ငံသားနှစ်ဦးကို မြန်မာရဲက တရုတ်ရဲထံ လွှဲပြောင်း


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 799

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ငွေလိမ်ဂိုဏ်းခေါင်းဆောင် တစ်ဦးအပါအဝင် တရုတ်နိုင်ငံသားနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

သူတို့နှစ်ဦးကို ယနေ့ သြဂုတ်လ ၂၃ ရက်၊ နံနက်တွင် ရန်ကုန်လေဆိပ်မှတဆင့်လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးအနက် ၁ ဦးသည် လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုတိုက်ဖျက်နှိမ်နင်းရာတွင် အဓိကကျသူဖြစ်သည်။

ယင်းအမျိုးသားနှစ်ဦးမှာ မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင် ဖမ်းဆီးခြင်းခံသည့်ကို တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းရှိသော်လည်း ယခုလွှဲပြောင်းပေးမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို တရုတ်နိုင်ငံသို့ ပထမအကြိမ်ဖမ်းဆီးလွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များ ထိန်းချုပ်သည့် မြန်မာ-ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်များတွင်သာ အများအပြား လှုပ်ရှားနေကြောင်း သိရသည်။

တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာ ပူးပေါင်းပြီး ဒေသအတွင်း အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုများကို ပြတ်ပြတ်သားသားနှိမ်နှင်းရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခု သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့ကပြုလုပ်ခဲ့သည့်အစည်းအဝေးအတွင်း ဆုံးဖြတ်ထားခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်နေ၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

ပုံ -  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး

ဆက်စပ် သတင်းများ