- Web Master
- ၀၅ အောက်တိုဘာ ၂၀၂၄
စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ထားသည့် ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများကို နယ်မြေရှင်းလင်းမည်ဟုဆိုကာ စစ်ကောင်စီက ခြိမ်းခြောက်နေ၍ မြို့အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ထွက်ပြေးနေကြရသည်ဟု သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများကို နယ်မြေ ရှင်းလင်းမည်ဖြစ်သည့်အတွ
“နယ်မြေရှင်းလင်းမယ်ဆိုပြီးတော့ ပြောလာတယ်။ တောင်းဖူးပါတယ်။ သဝင်ချောင်းပါတယ်။ တောင်ညိုပါတယ်။ လက်ပံပြားပါတယ်ပြောတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်
ယခုကဲ့သို့ နယ်မြေရှင်းလင်းမည်ဟု အသိပေးလာသည့်အတွက် ဒေသခံကျေးရွာသားများမှာ အထိတ်တလန့် ထွက်ပြေးနေကြရသည်ဟု သူက ဆက်ပြောသည်။
“ဒီဟာကလည်း တိုက်ပွဲမဖြစ်လို့ မရှင်းတာလားလို့ တွေးမိပါတယ်။ ဒီလူတွေကလည်း စစ်ရေးသဘောကို နားလည်တာက မဟုတ်ဘူး။ ပြေးရလွှားကြရတာပေါ့ ကြောက်စိတ်နဲ့။ တစ်ယောက်တည်းက မဟုတ်ဘူး။ မိသားစုလည်း ရှိတာဆိုတော့။ ဘာမှမဖြစ်ခဲ့တော့ ပြန်တဲ့သူလည်း ပြန်နေကြတယ်” ဟုဆိုသည်။
ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများဖြစ်သည့် တောင်းဖူ၊ တောင်ညို၊ အဝကန်၊ မင်းဘာ၊ ကျောက်ဆိပ်၊ ဒါးကိုင်၊ သဝင်ချောင်း၊ သရွဲကျေးရွာအပြင် တခြားကျေးရွာများမှ ဒေသခံများမှာ ယခုကဲ့သို့ စစ်ကောင်စီမှ ခြိမ်းခြောက်မှုရှိနေသည့် အတွ
“ရွာသားတွေ ညဥ့်မိုက်သန်ခေါင်ပြေးကြရတယ်။ စစ်တပ်က စစ်ကြောင်းထိုးလာမယ်၊ နယ်မြေရှင်းလင်းမယ် ဆိုတာကြားလို့
ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးထဲရေထဲမှပြေးလွှားခဲ့ကြရသည့်
ဒေသခံတစ်ဦးက “ထွက်ပြေးတဲ့အချိန်မှာ လူထုတွေက အရမ်းကို အကြောက်တလန့်ဖြစ်နေကြတယ်။ မျက်နှာတွေမှာ သွေးမရှိဘူးဆိုတဲ့ပုံစံမျိုး။ ဆိုတော့ ပေါက်တောက ကုန်းလမ်းဆက်သွယ်မှုဧရိယာက နည်းတယ်။ ရေကြောင်း ခရီးဖြစ်တယ်ဆိုတော့ ရေကဖြတ်ကြရတော့ လှေကလေးတွေနဲ့ကူးကြရတော့ အရမ်းစိုးရိမ်စရာဖြစ်ရတယ်။ နောက်ပြီးတော့ ဆိပ်ကမ်းတွေမှာ လှေကလည်းအများမရှိတော့ အချိန်အကြာကြီးစောင့်နေရတာရှိ
နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၂ နာရီကျော်တွင် ပေါက်တောမြို့မရဲစခန်းတစ်ခုလုံး
လက်ရှိ အချိန်တွင် ပေါက်တောမြို့ပေါ်မှ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး မြို့ထဲ၌ မထွက်ပြေးနိုင်ဘဲကျန်နေခဲ့သည့် ဒေသခံအများအပြားလည်းရှိနေပြီး စစ်ကောင်စီက ပေါက်တောမြို့ကို ထိန်းချုပ်ထားသည်။
ထို့အပြင် စစ်ကောင်စီက ယခုကဲ့သို့လည်း ပေါက်တောမြို့အနီးတဝိုက်မှ ကျေးရွာများကို နယ်မြေရှင်းလင်းမည်ဟု ဆိုကာ ခြိမ်းခြောက်နေသည့်အတွက်ကြောင့် ထောင်နှင့်ချီသည့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်
ဓာတ်ပုံ - ပေးပို့