တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပင်လယ်နက်ရှိ ရုရှားရေတပ်စခန်းအား ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက် ရုရှားရေတပ်သင်္ဘောတစ်စီး အကြီးအကျယ်ထိခိုက်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 457

ပင်လယ်နက်ရှိ ရုရှားရေတပ်စခန်း နိုဗိုရော့စီယက်အား သောကြာနေ့က ယူကရိန်းရေတပ်ဒရုန်း နှစ်စီးက တိုက်ခိုက်ခဲ့ရာ ရုရှားရေတပ်သင်္ဘောတစ်စီး အကြီးအကျယ် ထိခိုက်ပျက်စီးသွားသည်ဟု သိရှိရသည်။

ရုရှကာကွယ်ရေးဝန်ကြီးဌာနကမူ ယူကရိန်းရေတပ်ဒရုန်းနှစ်စီးကို ကြားဖြတ်ဖောက်ခွဲဖျက်ဆီး ပစ်ခဲ့သည်ဟု ဆိုသည်။

အရပ်ဘက်ဆိပ်ကမ်းအဖြစ်လည်း အသုံးပြုသောအဆိုပါ ရေတပ်စခန်းသည် ကမ္ဘာ့လောင်စာဆီ ၂% နှင့် သီးနှံများတင်ပို့ရာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် ယာယီရပ်ဆိုင်းလိုက်ရသည်ဟု ကက်စပီယံပိုက်လိုင်းကုမ္ပဏီက ဆိုသည်။

ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်များ၏ အဆိုအရ ရုရှားရေတပ်ကမ်းတက်ရေယာဉ် အိုလီနီဂေါ့စကီး ဂေါ်နီယက်အား ယူကရိန်း ရေတပ်ဒရုန်းနှစ်စီးက တိုက်ခိုက်ခဲ့ကြောင်းနှင့် အကြီးအကျယ်ပျက်စီးသွားကြောင်း၊ နောင်တိုက်ပွဲများတွင် ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရချိန်တွင် ရုရှားရေတပ်သင်္ဘောပေါ်၌ သင်္ဘောသား ၁၀၀ ကျော်ရှိနေပြီး ဖောက်ခွဲမှုပြင်းအား TNT ယမ်း ၄၅၀ ကီလိုဂရမ်သယ်ဆောင်လာသည့် ရေတပ်ဒရုန်းက ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

အသေအပျောက်စာရင်းကိုမူ မသိရဟုဆိုသည်။

အခြားသတင်းတစ်ခုအရ ရေတပ်သင်္ဘောမှာ ထိခိုက်ပျက်စီးမှုကြီးမားသဖြင့် ဆိပ်ကမ်းသို့ ဆွဲသင်္ဘောဖြင့် ဆွဲသွားခဲ့ရသည်ဟုဆို၏။

ရုရှားရေတပ်သင်္ဘော အိုလီနီဂေါစကီး ရေတပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနက သီးခြား အတည်ပြုချက်ရယူရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသို့ မေးမြန်းခဲ့သော်လည်း အတည်ပြုချက်တစ်စုံတရာ မရရှိခဲ့ပေ။

ယူကရိန်းက အသုံးပြုသော ရေတပ်ဒရုန်း သို့မဟုတ် Sea drones များမှာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ဖြစ်စေ၊ရေမျက်နှာပြင်အောက်မှ ဖြစ်စေ ပစ်မှတ်ရှိရာသို့ သွားရောက်တိုက်ခိုက်နိုင်သည့် ဒရုန်းအမျိုးအစား ဖြစ်သည်ဟုသိရသည်။

 

NN-27

ref:Reuters

 

ဆက်စပ် သတင်းများ