- Web Master
- ၀၇ ဇွန် ၂၀၂၄
သျှင်မင်းဇံ (ဓာတ်ပုံသတင်း)
နိရဥ္စရာ၊ မေ ၃/ ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အခြေခံပညာစာသင်ကျောင်းများ ယနေ့ မေလ ၃ ရက်နေ့တွင် ကျောင်းဆရာ/ဆရာမများ ပြန်လည် ကျောင်းတက်နေကြောင်းတွေ့ရှိရသည်။
၎င်းအခြေခံပညာစာသင်ကျောင်းများကို ဇွန်လအတွင်း ပြန်လည်ဖွင့်လှစ်ဖို့ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင် ပြင်ဆင်ဖို့ ဆရာ/မ များ ကျောင်းပြန်တက်ရခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့တစ်ရက်ကို ဆရာ/မများ အားလုံးအပြည့်အစုံ ကျောင်းတက်လက်မှတ်ထိုးရမည်ဖြစ်ပြီး နောက်နေ့များမှာ တာဝန်ခွဲကာ ကျောင်းပုံမှန်တက်ရန် ပြည်နယ်ပညာရေးမှူရုံးက ညွှန်ကြားထားကြောင်း အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။