- Web Master
- ၀၇ ဇွန် ၂၀၂၄
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂၀၂၁ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၏ ဘွဲ့သင်တန်း အသီးသီးကို လာမည့် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဟု နစကပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။ ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများမှာ ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း (ပထမ နှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမနှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) တို့ဖြစ်ကြသည်ဟု ဖော်ပြသည်။တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်များအတွက် ဖြစ်သည်ဟု သိရပါသည်။