- Web Master
- ၀၇ ဇွန် ၂၀၂၄
မြထွီးသျှင်နိရဥ္စရာ၊ မတ် ၃၁/၂၀၂၂မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။ရခိုင်ပြည်နယ်တွင်လည်း စာစစ်ဌာန ၁၂၈ ခုတွင် ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုနေကြပြီဖြစ်သည်။ရခိုင်ပြည်နယ်မှ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၅,၅၉၂ ဦးရှိပြီး ထိုအထဲတွင် မသန်စွမ်းဦးရေ ၆ ဦးနှင့် ဆေးရုံတွင်ဖြေဆိုမည့်သူ ၁ ဦးပါကြောင်းလည်း သိရသည်။လုံခြုံရေးအခြေအနေကြောင့် ရခိုင်မှ စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရသည်ဟု သိရသည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့မှစတင်ကာ လာမည့်ဧပြီလ ၉ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။ဓာတ်ပုံ - ဇော်ဝင်းအောင် / နိရ ဉ္စရာ