တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားရက် ထပ်မံတိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၇/၂၀၂၂
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားရက်ကို ဇန်နဝါရီ (၁၅) ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးကြေညာလိုက်သည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်မှ ဒီဇင်ဘာ (၃၀)ရက်အတွင်း လျှောက်ထားရမည်ဟုသတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ဇန်နဝါရီလ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ ကျောင်းများဖွင့်ရက်နောက်ကျသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုမှ မြို့နယ် (၄၆)မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံဒေသများမှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့်သူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန် ယခုကဲ့သို့ ရက်တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တက္ကသိုလ် ဝင်စာမေးပွဲကို လာမည့် မတ်လ ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ စစ်ဆေးသွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ