ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ပါကစ္စတန်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် နယ်စပ် ရဲတပ်ဖွဲ့မှ (၁၀) ဦးသေဆုံးပြီး၊ (၇)ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 166

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုက်ဘာ ၂၆/ ၂၀၂၄ (နိုင်ငံတကာ)

ပါကစ္စတန်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် နယ်စပ် ရဲတပ်ဖွဲ့မှ (၁၀) ဦးသေဆုံးခဲ့ပြီး၊ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းကြောင်း သိရသည်။

စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် နယ်စပ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ ဝင် (၁၀) ဦး သေဆုံးခဲ့ရပြီး၊ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုခဲ့ကြောင်း အေအက်ဖ်ပီ သတင်းကိုကိုးကား၍ The Daily Star က အောက်တိုဘာ(၂၅)ရက်က သတင်း ဖော်ပြသည်။

ပါကစ္စတန်နယ်စပ်တွင် အနည်းဆုံး စစ်သွေးကြွ ၂၀ ဦး က နယ်စပ် စစ်ဆေးရေးဂိတ် တစ်ခုကို ညတွင်းချင်း ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ(၂၅)ရက်က အတည်ပြုပြောကြားခဲ့သည်။

"စစ်သွေးကြွနှင့်ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ချိန်သည်တစ်နာရီခန့် ကြာမြင့်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့၀င်(၁၀)ဦး သေဆုံးခဲ့ရပြီး (၇)ဦး ဒဏ်ရာရခဲ့သည် ဟု အမည်မဖော်လိုသည့် အကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာအတိအကျနှင့် အသေးစိတ်ကိုမူ အဆိုပါသတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ Source/ The Daily Star

ဆက်စပ် သတင်းများ