- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၄
Breaking News
ရခိုင်ပြည်နည်၊
စစ်တွေမြို့တွင် ယနေ့ ည ၉ နာရီခန့်က
သေနတ်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး အသက် (၅၀) အရွယ် ဖခင်ဖြစ်သူမှာ သေဆုံးပြီး သမီးဖြစ်သူမှာ ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။
သေဆုံးသူမှာ
စက်ရုံစုရပ်ကွက်တွင် နေထိုင်သူ ဦးမောင်စိန်တင် (၅၁)နှစ်ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၊
စက်ရုံစုရပ်ကွက်ရှိ အောင်ပါရမီဘုန်းတော်ကြီးကျောင်း
"သေနတ်ငါးချက်ပစ်ခံရပြီး
ဒဏ်ရာပြင်းထန်တော့ ဆေးရုံရောက်ပြီးသေသွားတယ်။ သူ့သမီးလည်း ခြေထောက်မှာ
ဒဏ်ရာရသွားတယ်" ဟု ပြောသည်။
လက်ရှိတွင်
သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရသွားသည့် သူ့သမီးဖြစ်သူတို့ကို စစ်တွေဆေးရုံသို့
ပို့ဆောင်ထားရကြောင်း သိရသည်။
သေနတ်ဖြစ်ပွားခဲ့သည့်နေရာမှာ
ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(
" စက်ရုံစုရပ်ကွက် ALP ဌာနချုပ်နားမှာဖြစ်သွားတာပါ။
ဘယ်အဖွဲ့အပစ်မှန်းတော့ မသိဘူး"ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ
၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကလည်း စစ်တွေမြို့လယ်ခေါင်တွင် အသက် ၄၀
အရွယ်ရှိ ALP ဗိုလ်မှူး
ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌
သေနတ်ဖြင့် ပတ်ခတ်ခံလိုက်ရသလို ချွန်ထက်သည့်အရာတစ်ခုဖြင့်
ထိုးသွင်းခံလိုက်ရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ (NN-11)
ဓာတ်ပုံ- ပုံဟောင်း