- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၄
(ဓာတ်ပုံသတင်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကန်တော်ကြီးဆင်းလမ်းတွင် သက်သာဈေးနှုန်းဖြင့် လာရောင်းချနေသည့် စားသုံးဆီကို လာရောက်တန်းစီးကာ ဝယ်ယူသူများပြားနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစားသုံးဆီကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း အစီအစဉ်ဖြင့်
အဆိုပါ အစီအစဉ်တွင် စားသုံးဆီတစ်လီတာကို ၂၇၀၀ ကျပ်နှင့် တစ်ပိသာကို ၅၄၀၀ ကျပ်နှင့်ရောင်းချနေခြင်းဖြစ်
ယင်းအစီအစဉ်ဖြင့် တစ်ပတ်လျှင်တစ်ကြိမ် မနက်ပိုင်းအချိန်များတွင် မင်းဂံရပ်ကွက်၌ လာရောက်ရောင်းချနေခြင်း ဖြစ်သည်။
ပြင်ပဈေးဆိုင်များတွင် စားသုံးဆီပိသာခွဲကိုပင် ငွေကျပ် ၇၀၀၀ ကျော်ဖြင့် ဝယ်ယူသုံးစွဲနေရသည့်အချိန် ယခုလို သက်သာဈေးနှုန်းများဖြင့် ဝယ်ယူနိုင်သဖြင့် လာရောက်တန်းစီးဝယ်ယူသူ များပြားနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ (NN-8)