- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၄
(ဓာတ်ပုံသတင်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းများတွင် ဒူရ်ဂါဒေဘီဘုရားပွဲတော်ကို အောက်တိုဘာလ ၂၀ ရက်မှ ၂၃ ရက်နေ့ အထိ ၃ ရက်တိုင်တိုင်ကျင်းပနေ
ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာဘုရားပွဲတော်
(စိုင်းဒီးမယ်တော်)ပွဲတော်တွင် သက်ဆိုင်ရာဘုရားကျောင်းများ၌ နံနက်ပိုင်းတွင်
ဆွမ်းကျွေးအလှူများနှင့် လာရောက်သောဧည့်သည်များကို သက်သက်လွတ်ထမင်းကျွေးဧည့်ခံတတ်
ညပိုင်းတွင် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဗုံ၊
ဆိုင်းဝိုင်းအတီးအကများဖြင့် ကခုန်ကာ ပျော်ရွှင်စွာ ကျင်းပတတ်ကြောင်း သိရသည်။
ဟိန္ဒူဘာသာဝင်များရှိသည့် ရခိုင်ပြည်နယ်ရှိ
အခြားမြို့နယ်အချို့တွင်လည်း ယခုဘုရားပွဲကို ကျင်းပလျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊
ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် ကျောက်ဖြူမြို့တို့တွင် ဟိန္ဒူဘာသာဝင် စုစုပေါင်း
၂ သောင်းခန့်ရှိသည်။
စစ်တွေမြို့နယ်တွင် လူဦးရေ ၃ ထောင်ခန့် နေထိုင်ကြပြီး
အများစုမှာ ကျပန်းအလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။ (NN-8)