- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၄
(တစ်ဦးကို ငွေသုံးသိန်းစီ လွှဲပေးပြီးနောက် ပြန်လွတ်လာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ မွတ်ဆလင်အလုပ်သမား ၇ ဦးအား ဆန်အိတ်များ သယ်ခိုင်းမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားပြီးနောက် စက်လှေတစ်စီးပေါ်ကို တင်ကာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီး ငွေညစ် မှုပြုလုပ်ခဲ့သည်ဟု ကာယကံရှင်များကပြောသည်။
လိမ်လည်ခေါ်ဆောင်ခံရသူများမှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ရူချပ်ခါ (၃၁နှစ်)၊အီစီမိုလ် ( ၂၀နှစ်)၊ ယာစိန်း (၂၄နှစ် )၊ ရော်ဖိတ် (၃၇ နှစ်)၊ ဖူသူယာ ( ၂၅ နှစ်)၊ အားဘူ (၂၇ နှစ်)နှင့် ဒါန်နွားမောရိစ် (၂၈ နှစ်)တို့ဖြစ်ကြသည်။
အောက်တိုဘာလ ၂၆ ရက်၊ နံနက် ၈ နာရီကျော်ခန့်က စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ မောလိပ်ခွဆုံတွင် နေ့စားကျပန်းအလုပ်လုပ်ရန် ထိုင်စောင့်နေကြသော ၎င်းမွတ်ဆလင် အလုပ်သမား ၇ ဦးကို စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းရှိ စက်လှေမှ ဆန်အိတ်များ သယ်မည့်အလုပ်ပေးမည်ဟုဆိုကာ လူတစ်ဦးမှ ကားဖြင့်ခေါ်ဆောင်သွားကြောင်း ကာယကံရှင်များကပြောသည်။
ယင်းကိုးရီးယားဆိပ်ကမ်းသို့
ကားဖြင့်ခေါ်ဆောင်သွားပြီးနောက်
"ဘုတ်သမား
သုံးယောက်နဲ့ ကျနော်တို့ကိုခေါ်လာတဲ့ လူပွဲစားသုံးယောက် စုစုပေါင်း
၆ ဦး ပါလာပါတယ်။
မင်းတို့ကိုရောင်းစားလိုက်ပြီဆို
ယနေ့
ညနေ ငါးနာရီခန့်တွင် ၎င်းတို့အား တစ်ဦးလျှင် ကျပ်သုံးသိန်းစီ ငွေလွှဲပေးပါက
မိသားစုများထံသို့
ပြန်ပို့ပေး
၎င်းတို့
ယင်းသို့ဖုန်းဆက်ပြီးနောက်ပိုင်
"ကျနော်တို့က ကျပန်းအလုပ်သမားတွေ၊ ပိုက်ဆံမရှိတဲ့ကြားက ပေးလိုက်ရပါတယ်။ အထူးအခက်အခဲဖြစ်ကြပါတယ်" ဟုပြောသည်။
၎င်းမွတ်ဆလင် အလုပ်သမား ၇ ဦးအား ခေါ်ဆောင်သွားသည့် လူပွဲစား ၃ ဦးမှာ အသက်လေးဆယ်ဝန်းကျင် အရွယ် ရခိုင်အမျိုးသားများဖြစ်သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် အောင်မင်္ဂလာရပ်ကွက်ရှိ မွတ်ဆလင်အမျိုးသားများမှာ ကျပန်းအလုပ် လုပ်ကိုင်ရန်ပင် စိုးရိမ်နေကြကြောင်း ဒေသခံမွတ်ဆလင်တစ်ဦးကပြောသည်။
"အခုတစ်ရွာလုံးက စိုးရိမ်နေကြတာပါ။ ဒီနေ့တောင်မှ အလုပ်မသွားကြတော့ဘူး။ ကျပန်းအလုပ် လုပ်နေကြတဲ့အထဲ ဒီလိုကိစ္စတွေဖြစ်တော့ အကုန်လုံးကကြောက်သွားကြပြီ" ဟုပြောသည်။
စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကြုံရာကျပန်းလုပ်ကိုင်ကြသော မွတ်ဆလင်များသည် ယင်းရပ်ကွက်ကပ်ရပ်ရှိ မောလိပ်ခွဆုံတွင် အလုပ်လာခေါ်ရန် စောင့်မျှော်လေ့ရှိကြပြီး ယခုဖြစ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံမွတ်ဆလင်များကပြောသည်။
(NN-8)
ဓာတ်ပုံ-ပေးပို့