- Web Master
- ၂၁ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်တွေနှင့် မန္တလေးတိုင်းမှ ကိုယ်ခံပညာရှင် ဆရာကြီးများ၏ ပညာဖလှယ်သည့် ပူပေါင်း သရုပ်ပြပွဲ တစ်ခုကို အောက်တိုဘာ ၂၇ ရက် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို စစ်တွေရှိ
Rakhine Kendo အဖွဲ့က ဦးဆောင်ကာ စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ New World ခန်းမတွင် ၎င်းနေ့ မနက် ၉ နာရီက စတင်ကျင်းပခဲ့ရာ
သိုင်းပညာ စိတ်ဝင်စားသူများက တက်ရောက်အားပေခဲ့ကြသည်။
Rakhine Kendo တည်ထောင်သူ Kendo ကိုအောင်အောင်က "အားကစားပညာတွေ ပိုပြီး
နိုးထလာအောင်၊ လူငယ်တွေရဲ့စိတ်ဓာတ်တွေတက်ကြွလာ
ရခိုင်ပြည်တွင် ယခုလိုပွဲကျင်းပခြင်းအားဖြင့် လူငယ်များသည် အားကစားပညာကို စိတ်အားထက်သန်လာနိုင်မည်ဟု မျှော်လင့်သလို အခြေအနေတစ်ခုရောက်လျှင် အားကစားသမားကောင်းနှင့် နည်းပြဆရာကောင်းများစွာ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်သည်ဟုလည်း မန္တလေးတိုင်း မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက နိရဉ္စရာကိုပြောသည်။
"ရခိုင်ပြည်မှာ အားကစားသမားကောင်းတွေများစွာပေါ်
တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးဖြစ်သည့် ကို
"ကျွန်မ အား/ကာဌာနမှာ စတင်တာဝန်ထမ်းဆောင်ကတည်းက ဒီလိုပွဲမျိုးတစ်ခါမှ မကြုံဖူးခဲ့ဘူး။ ပညာဖလှယ်တာပေါ့။ တစ်ဘက်မှာလည်း မန္တလေးကပညာရှင်အဖွဲ့တွေလာတယ်။ လာတုန်းလာခိုက် ရခိုင်က ကိုယ်ခံပညာရှင်အဖွဲ့တွေကလည်း ချစ်ချစ်ခင်ခင်နဲ့ စုံစုံလင်လင်ပေါ့။ တစ်ဘက်မှာလည်း လုပ်ငန်းရှင်တွေကလည်း နောက်ခံက ထောက်ပံ့ပေးထားတဲ့အပေါ်မှာ အများကြီး
ဝမ်းမြောက်မိပါတယ်" ဟုပြောသည်။
ယင်းပွဲကို စစ်တွေမြို့မှကိုယ်ခံပညာရှင်မျာ