- Web Master
- ၁၉ စက်တင်ဘာ ၂၀၂၄
စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာထဲသို့ သေနတ်များ အဆက်မပြတ် ပစ်ခတ်ကာ ဝင်ရောက်လာသဖြင့် ရွာသားများ ထွက်ပြေး ကြစဉ် လူငယ်ကျောင်းဆရာ ၁ ဦးမှာ ချောင်းထဲတွင် ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူမှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရွာတွင် စာပြနေသည့် အသက် ၂၃နှစ်အရွယ် ကျောင်းဆရာကိုဇွဲနိုင်ဝင်းဖြစ်သည်ဟု ၏ချီလည်ဖင်း ကျေးရွာမှ အမျိုးသားသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ မနေ့က မနက် မိုးလင်းစမှာ စစ်သား လေးငါးဆယ်လောက်ရွာထဲကို သေနတ်ပစ်ပြီး ဝင်လာတယ်။ သေနတ်သံတွေ ဆူညံသွားတော့ ရွာသားတွေ
စစ်ကောင်စီတပ် အင်အား ၅၀ခန့်သည် တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၊ နယ်မြေ ဒေသလည်း မတည်မငြိမ်မရှိပါဘဲ ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၇ နာရီခန့်က ချီလည်ဖင်း ကျေးရွာထဲကို သေနတ်ပစ်ခတ် ဝင်ရောက်လာခဲ့သည်ဟု လူငယ်တစ်ဦးက ပြောသည်။
“ သူတို့မသင်္ကာတဲ့ အိမ်တွေကို ဝင်မွှေသွားတယ်။ သူတို့
ကိုဇွဲနိုင်ဝင်း၏ အလောင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ထိ ရှာဖွေမတွေ့သေးဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာမရှိ၊ ပြည်သူများ အေးချမ်းစွာနေထိုင်နေသော ချီလည်ဖင်း ကျေးရွာထဲကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူ ၁ ဦးကျည်စထိမှန် သေဆုံးကာ ကိုရင်တစ်ပါး အပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀နာရီခန့်ကလည်း ပါဒလိတ်တပ်ရင်း ၂၃၂ မှ ပစ်ခတ်
လိုက်သည့် လက်နက်ကြီးများသည် ချီလည်ဖင်းရွာထိပ်တွင်တစ်လုံး၊