သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဘန်ကောက်တွင် ခိုက်ရန်ဖြစ်ပွားရာမှ မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 751

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၃/၂၀၂၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Happyland Center ရှော့ပင်းမောလ် အနီး တွင် ထိုင်းအမျိုးသားတစ်ဦးက ဓားဖြင့် ထိုးမှုကြောင့် မြန်မာနိုင်ငံသား ဆေးသုတ်သမား တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။

ဘန်ကောက်မြို့၊ဘန်ကာပီ ခရိုင် ကလောင်ချန်ခရိုင်ခွဲရှိ Happyland Center ရှော့ပင်းမောလ် အနောက်ဘက်တွင်ဇူလိုင်လ (၂၁)ရက် ညနေပိုင်းက ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၃၄) နှစ် အရွယ် မြန်မာနိုင်ငံသား ခွန်ရှင်မွန် သည် ဓါးဖြင့်နှစ်ချက် ထိုးခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုပြောကြား သည်။

လူသတ်မှုကျူးလွန်ခဲ့သူ Issara Sitthikham သည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဇူလိုင်(၂၂)ရက်၊ နံနက် ၉ နာရီတွင် သူကိုယ်တိုင်ရဲစခန်းသိုလာရောက်အဖမ်းခံခဲ့ကြောင်း Lat Phrao ရဲစခန်းမှ ရဲမှူးကြီး Thanapan Padungkar က ပြောဆိုသည်။

လူသတ်မှုကျူးလွန်ခဲ့သည့်Issara သည် ဆေးခြောက်ရောင်းဝယ်သူတစ်ဦးဖြစ်ပြီး ၄င်းဆိုင်ကယ်မောင်း နေစဥ်အတွင်း ခွန်ရှင်မွန်နှင့် သူငယ်ချင်းများ၏ဆိုင်ကယ်သည် ၄င်း၏ ဆိုင်ကယ်ရှေ့မှ ကန့်လန့်ဖြတ် ၀င်ရောက်လာခဲ့ ခြင်းဖြစ်ကြောင်း ရဲများက ၄င်းအား စစ်ဆေးမေးမြန်းစဉ်အတွင်း အထက်ပါအတိုင်း ဖြေ ကြားခဲ့သည်။

ထိုအချိန်တွင်မြန်မာအမျိုးသားသည် သူ့အားတောင်းပန်ခြင်းမရှိဘဲ စော်စော်ကား ကားပြန်လည် တုန့်ပြန်ပြောဆိုခဲ့သည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း Issara က ရဲတပ်ဖွဲ့ကို ဖြေကြားခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သည့် Issara သည် ခွန်ရှင်မွန်အား ဘယ်ဘက်လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဓားဖြင့်ထိုးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ ကြောင်း ၀န်ခံထွက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသူများသည် လူသတ်မှုကျူးလွန်ခဲ့သူ Issara ကို လူသတ်မှုနှင့် လက်နက်လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုချက် မတင်မီ သက်သေအထောက်အထားများနှင့် သက်သေထွက်ဆိုချက်များကို ထပ်မံစုဆောင်းလျက်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းဖော်ပြချက် အရသိရသည်။

Source/Bangkok Post and Photo- worldNomads (ပုံအဖြစ်ဖော်ပြခြင်းသာဖြစ်ပါသည်။)

ဆက်စပ် သတင်းများ