သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မိုးကုတ်မြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 813

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေတွက်ကြီးရွာအနီး၌ စက်တင်ဘာလ ၂၆ ရက် မနေ့က စစ်ကောင်စီတပ်နှင့် တအာင်း/ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်က်မှ လက်နက်ခဲယမ်းများသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

ရေတွက်ကြီးရွာသည် တအာင်းပြည်နယ် တပ်မဟာ () စစ်ဒေသထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထား သည်ဟုဆိုထားပြီး အဆိုပါရွာထဲ၌ စစ်ကောင်စီတပ်က လာရောက်တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရ သည်။

 

အဆိုပါတပ်စခန်းအား TNLA က စက်တင်ဘာလ ၂၆ ရက် နံနက် နာရီခွဲခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း TNLA သတင်း ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၇ ရက် ယနေ့ ထုတ်ပြန်ထား ခြင်းဖြစ်သည်။

 

‘’စကစ တပ်ဖက်က ကျွန်တော်တို့တပ်စခန်းတွေ၊ ကင်းစခန်းတွေကို လိုက်ပြီးတိုက်နေတာပါ ဒါကြောင့် ကျွန်တော်တို့တပ်စခန်းတွေ ပြန်ရဖို့တိုက်နေရတာဖြစ်ပါတယ်ဟု PSLF/TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှုးကြီး မိုင်းအိုက်ကျော် က နိရဉ္စရာ ကို ပြောသည်။



 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက် သေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က မိုးကုတ်မြို့စစ်ကောင်စီတပ်ဗျူဟာကုန်းမှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် အထက်ညောင်ကုန်းရွာရှိ နေအိမ်များပေါ်ကျရောက်ပေါက်ကွဲကာ ဦး သေဆုံးခဲ့ ပြီး ဒေသခံ ၅၀၀ နီးပါးတို့လည်း စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။ 

Photo ; TNLA

ဆက်စပ် သတင်းများ