တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်ခြံဝင်းအတွင်း မီးလောင်မှုဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်ရှိ စစ်တွေတက္ကသိုလ်ကျောင်းဝင်း ယနေ့ နေ့လယ်တွင် မီးလောင်မှုဖြစ်ပွားနေသည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁ နာရီခန့်မှစတင်ကာ စစ်တွေတက္ကသိုလ်အဆောင်(၇)အနောက်ဘက်ကွင်းပြင်ဘက်ရှိ ခြုံနွယ်တောများမှ မီးခိုးလုံးစတင်ထွက်လာပြီးနောက် ကျောင်းစားသောက်ဆိုင်တန်းအနီးနှင့် ဝန်ထမ်းအိိမ်ရာများဘက်သို့ ကူးစက်လာခြင်းဖြစ်သည်ဟု တက္ကသိုလ်စားသောက်ဆိုင်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ ရေတွေခပ်ပြီးလောင်းသေးတယ်။ မနိုင်ဘူး။ မီးခိုးငွေ့က အသက်ရှုကျပ်လာအောင်မွန်းတဲ့အတွက် ထွက်ပြေးခဲ့ရတယ်။ ကံကောင်းလို့ ဆိုင်တန်းတွေဘက်မကူးသေးဘူး။ မီးက ဟိုဘက် ဝန်ထမ်းအိမ်ရာဘက်ကို သွားနေတယ်”ဟု နိရဥ္စရာသတင်းထောက်သွားရောက်မေးမြန်းစဉ်က ဖြေကြားသည်။
မီးငြိမ်းသတ်နေသည့် မီးသတ်အရာရှိတစ်ဦးကလည်း မီးသတ်ကား ၄ စီးဖြင့် ယနေ့ ညနေ ၄ နာရီအထိ မီးငြိမ်းသတ်နေရဆဲဖြစ်ပြီး မည်သည့်နေရာမှ စတင်လောင်ကျွမ်းနေသည်ကို အတည်ပြုမရသေးကြောင်း ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် တက္ကသိုလ်ခြံဝင်းတစ်ခုလုံးသို့ မီးခိုးငွေ့များဖုံးလွှမ်းလာသဖြင့် ဝန်ထမ်းအဆောင်များမှ မိသားစုဝင်များသည်လည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။
အဆိုပါမီးလောင်မှုသည် ညနေ ၄ နာရီအချိန်ထိ တက္ကသိုလ်ခြံဝင်းအနောက်ဘက်ရှိ ဝန်ထမ်းအဆောင်များအနီးအထိ ကူးစက်လျက်ရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ