စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြ်ို့ မင်းဂံရပ်ကွက်တွင် လူနေအိမ် မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီခွဲခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေအိမ်မှာ မင်းဂံရပ်ကွက် (၃) မှ ဒေါ်နှနှရီ၏ နေအိမ်ဖြစ်ပြီး ဖယောင်းတိုင် မီးထွန်းရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီအိမ်က အလယ်တန်းပြကျောင်းဆရာမအိမ်ပါ။ သူက အပျိုကြီးပါ။ အဲဒီဆရာမရယ် သူ့အစ်မရယ် သူ့အမေရယ်နဲ့နေတာပါ။ သူတို့ရဲ့အိမ်မှာ ဘုရားမီးထွန်းရာကနေ မီးလောင်သွားတာပါ။ အုတ်နံရံတစ်ချပ်ပဲ ကျန်ခဲ့ပါတယ်”ဟု မင်းဂံရပ်ကွက် (၁)မှ မချစ်ဌေးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်သော နေအိမ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် လူအထိအခိုက်မရှိ ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မီးလောင်မှုဖြစ်သော နေအိမ်မှ မိသားစုဝင်များအား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေအိမ်အား စစ်တွေခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ကား ၄ စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ