သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ယာစ်ဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်တိုက်ခတ်မှုကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းနေအိမ် ၄၀၀နီးပါးပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 857

သျှင်မင်းဇံ

နိရဉ္စရာ၊ မေ ၂၆/၂၀၂၁

အိန္ဒိယနိုင်ငံ မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်လျှက်ရှိသည့် အင်အား ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ်(YAAS)” ကြောင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ အနည်းဆုံး နေအိမ် အလုံး ၄၀၀ ခန့် ပျက်စီးဆုံးရှုံးမှုရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

၎င်းနေအိမ်များမှာ ဆိုင်ကလုန်းမုန်တိုင်းအရှိန်နှင့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်သည်ဟု  ၎င်းက ဆိုသည်။

ကျွန်တော်တို့ လက်ရှိကောက်ယူရရှိတဲ့ စာရင်းတွေအရ စခန်းတစ်ခုလုံး ပျက်စီး သွားတာမရှိဘူး။ ဒါပေမယ့် လူနေအိမ်တွေကတော့ ဆယ်ကိုးလုံး အလုံးလိုက် ျက်စီးတာရှိတယ်။ အမိုးအကာ ပျက်စီးတာရယ် ခေါင်းမိုးပျက်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ စာရင်းကောက်ယူနေတာက အခုအချိန်အထိ အပြီးအစီမရသေးဘူး။ လောလေယဆယ် ၄၀၀ လောက်စာရင်းရထားတယ်။ အတိအကျရရှိနိုင်ဖို့ ကောက်ယူနေဆဲပါဟု နိရဥ္စရာကို ပြောသည်။

ပျက်စီးဆုံးသွားသည့် နေအိမ်များမှာ ဝါး၊ဓနိများဖြင့် ဆောက်ထားသော လူနေ တဲအိမ်များ ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုအများဆုံး စခန်းများမှာ မြောက်ဦးမြို့နယ်မှ စင်းဘောကိုင်း၊ ဘုရားလှ၊ ဝက်လှ၊ ပီပင်ရင်းစခန်းတို့ဖြစ်ပြီး ကျောက်တော်မြို့နယ်မှ တောင်မင်းကုလား၊ ဝါးတောင်စခန်းတို့ပါဝင်သည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် စစ်ဘေးရှောင် လူနေအိမ်ခြေ ၀၀) ကျော်ခန့်ရှိသည့် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် လူနေအိမ် (၅) လုံး၊ အမိုးကွာ ဝါးထရံလန် ပျက်စီးသည်မှာ အိမ် ၁၃၃ လုံးခန့် ရှိကြောင်း၊ လက်ရှိ နေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ရှိသူ ဦးညီပုက ပြောသည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းက ဒေါ်အေးခင်က ကျွန်မတို့ စခန်းက ပြင်စမှာဆိုတော့ အိမ်တွေက လေပြင်းတိုက်တာ မခံနိုင်လို့ ပျက်စီးသွားတာပါ။ အိမ် ဆောင်ပြိုသွားတယ်။ ိမ်တွေက အရင်ကတည်းက ပြိုနေတဲ့ ကြားထဲမှာ လေမုန်တိုင်းတိုက်တော့ အဆောင်တွေ ပိုဆိုးကုန်တယ်။ နေစရာတွေ အခက်အခဲဖြစ်နေကြပါတယ်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းကျော်သည် ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်တွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ကာ ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ