- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၃
နိရဥ္စရာ၊ နိုဝင်ဘာ၁၄/၂ဝ၂ဝ
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ ဘင်္ဂလာဒေ့ရှ့် ငါးဖမ်းသမား ၉ ဦးကို နတ်မြစ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဘင်္ဂလာဒေရှ့်နိုင်ငံ အိုကီးယားနယူးတွင် သတင်းဖော်ပြသည်။
ဖမ်းဆီးခံရသူများကို မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးသော်လည်း ၎င်းတို့ကို ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် အတွင်းရှိ Shah Porir Dwip က ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ဒေသခံများကို ကိုးကားဖော်ပြသည်။
၎င်းငါးဖမ်းသမား ၉ ဦးသည် အင်္ဂါနေ့ မနက်ပိုင်းက ငါးဖမ်းရန် သွားရောက်စဉ် ငါးဖမ်းစက်လှေ စက်ပျက်ပြီး မျောနေစဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် (၂) စခန်းမှ ဒုဗိုလ်မှူးကြီး Mohammed Faisal Hasan Khan အတည်ပြုပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်နေကြောင်း၊ များမကြာမီ ငါးဖမ်းသမားများ ပြန်ရောက်ရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။