အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ငါးဖမ်းစက်လှေ ဂတ်(စ်) အိုးပေါက်ကွဲ၍ ရေလုပ်သား (၁၁) ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 818

ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ဖလောင်းချိတ် (ကော့စ်ဘာဇား) မြို့ အမှတ် (၆) ဆိပ်ကမ်းအနီး ငါးဖမ်းလှေတစ်စီးတွင် ဟင်းချက်ရာမှ ဂတ်(စ်)အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ဘင်္ဂလီ ရေလုပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ပေါက်ကွဲမှုမှာ ယနေ့နံနက် (၁၀) နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စက်လှေမှာ ဘင်္ဂလားပင်လယ်ပြင်တွင် ငါးဖမ်းပြီး ပြန်အလာ ရပ်နားနေချိန် ဟင်းချက်ရာမှ ပေါက်ကွဲ ခြင်းဖြစ်ပြီး ဒဏ်ရာရသူများကို အနီးအနားရှိ စက်လှေများမှ ကယ်တင်ခဲ့ရသည်ဟု ဖလောင်းချိတ်မြို့ အမှ(၂) မြို့နယ် အုပ်ချုပ်ရေးမှူးရေးမှ ပြောကြောင်း Samakal သတင်းတွင်ဖော်ပြထားသည်

ဒဏ်ရာရသူများမှာ စက်လှေပဲ့နင်း ဒူလာလ် (၃၇)နှစ်၊ ရှော်ဖိက် (၂၇)နှင့် ဒီလ်အာဟ်မတ် (၃၄) နှစ် အပါအဝင် စုစုပေါင်း (၁၁) ဦးဖြစ်ပြီး သူတို့ကို ဖလောင်းချိတ် ဆေးရုံနှင့် စစ်တကောင်း ဆေးရုံများကို ပို့ဆောင်ထား သည် ဟု သိရှိရသည်။

“ဟင်းအိုးကို ပြန်နွှေးရာမှ ရုတ်တရက် ပေါက်ကွဲတဲ့အတွက် ကျွန်တော်အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တချို့ဆို ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တကောင်းဆေးရုံကို ပို့ထားရပါတယ်။” ဟု စက်လှေ ပဲ့နင်းဖြစ် အဒူ လာလ်က ပြောသည်။

လက်ရှိအချိန် ပင်လယ်ပြင်တွင် ငါးသလောက် ဖမ်ဆီးရရှိမှုများနေသည့်အတွက် ရေလုပ်သားများ တွက်ခြေကိုက်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ