သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားတွင် ဓားခုတ်ခံရ၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.9k

နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်က ဓားခုတ်ခံရ၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်မှ ကိုလင်းလင်း(၂၁ နှစ်)ဖြစ်သည်။
သူသည် အောက်တိုဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်က ၎င်းရပ်ကွက်မှ အရက်တစ်ဆိုင်တွင် ဖုန်းအားသွင်း၍ ကုလားထိုင်ပေါ်တွင်ထိုင်နေစဉ် တစ်ရပ်ကွက်တည်းနေ ကိုဇော်ဦး (၂၆ နှစ်)က အသင့်ပါလာသော အိမ်သုံး ငါးခုတ်ဓားမဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင်က နိရဥ္စရာကိုပြောသည်။
“ပွဲချင်းပြီးဆုံးသွားတာပါ။ အခုတ်ခံရတာ လည်ပင်းထက်ဝက်ကျွံသွားတယ်”ဟု ပြောသည်။
သေဆုံးသူသည် ပြစ်မှုကျူးလွန်သူအား ငွေ ၁ သိန်းပေးရန်ရှိသည်ကို မပေးသည့်အတွက် မကျေနပ်၍ အခုတ်ခံခဲ့ခြင်းဖြစ်ကြောင်း သူတို့နှင့်နီးစပ်သူများက ပြောသည်။
အဆိုပါဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းကို တိုင်ကြားထားပြီး လက်ရှိတွင် ကျူးလွန်သူမှာ ထွက်ပြေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
Photo - Aung Sann

ဆက်စပ် သတင်းများ