သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန် တာမွေတွင် ရခိုင်အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

မင်းအဂ္ဂ
စစ်တွေ၊ ဧပြီ ၁ / ၂ဝ၂၂
ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်တွင် ရခိုင်အမျိုးသားတစ်ဦးသည် ယနေ့နံနက်က သေနတ်ဖြင့်အပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်မြို့ တောလယ်ကျေးရွာမှ အသက် ၄ဝ ခန့်အရွယ် အမျိုးသားဖြစ်သည်။
သူသည် ယနေ့ ဧပြီလ ၁ ရက် နံနက်က ကျောက်မြောင်းရပ်ကွက် သတိပဋ္ဌာန်လမ်းရှိ မုန့်ဟင်းခါးဆိုင်တစ်ခုရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်နေ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
“လမ်းလျှောက်နေတာကို ကားပေါ်က ပစ်သွားတယ်ပေါ့။ ၅ ချက်ပစ်သွားတယ်တဲ့”ဟု ပြောသည်။
သေဆုံးသွားသူတွင် သေနတ်ဒဏ်ရာ ၅ ချက်ဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။
သေနတ်ဖြင့်ပစ်ခတ်သွားသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို လောလောဆယ် မသိရသေးပါ။
သေဆုံးသူ၏အမည်နှင့် အကြောင်းအရာအပြည့်အစုံကိုလည်း နိရ ဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ် သတင်းများ