သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေပွိုင့်ကမ်းခြေနားရှိ အုန်းတောတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီလ ၂၃/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေပွိုင့်ကမ်းခြေနားရှိ အုန်းတောတွင် အမည်မသိ အမျိုးသမီး အလောင်း တစ်လောင်းကို ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ရှိသည့်အမျိုးသမီးအလောင်းမှာ သေဆုံးသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်နိုင်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာက ပြောသည်။
“ဘာမှတော့ မသိရသေးဘူး။ လက်တစ်ချောင်းကတော့ မြေခွေးတွေ စားသွားကြတယ်ထင်တယ်။ ကြည့်ရတာအချိန်ကြာပြီ ၅ ရက်လောက်တော့ ကြာလောက်ပြီ။ မျက်နှာတွေရောင်ပြီး ပုတ်နေပြီ”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးအလောင်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိရမှုမရှိသေးဘဲ စစ်ဆေးရန် ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဒုဥက္ကဋ္ဌ ကိုသားချေက ပြောသည်။
“ရဲမှူးကတော့လာကြည့်လာတယ်။ လောလောဆယ်တော့ မနေ့က နာရေးကားပေါ်တင်ပြီး ခွဲရုံပို့ထားတယ်။ လက်ရှိအဖြေကတော့ မသိရသေးဘူး။ မူခင်းဆရာဝန်ရောက်လာမှ သူတို့ ဘယ်လိုလုပ်မလဲမသိဘူး”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်ကို အမှတ် ၁ ရဲစခန်းမှူးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
(ဓာတ်ပုံ-မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း)

ဆက်စပ် သတင်းများ