သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံချောင်းအတွင်းတွင် အမည်မသိ ဘုန်းကြီးအလောင်း တစ်လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၇/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံချောင်းအတွင်းတွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်က အမည်မသိဘုန်းကြီးအလောင်းတစ်လောင်းတွေ့ရှိရကြောင်း သိရသည်။

အဆိုပါချောင်းနွယ်မင်းဂံချောင်းအတွင်းတွင် မျောပါလာသည့် ဘုန်းကြီးအလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်းကို လက်ရှိအချိန်ထိ မသိရှိရသေးကြောင်း သိရသည်။

အဆိုပါဘုန်းတော်ကြီးအလောင်းပေါ်တွင် ဒဏ်ရာဒဏ်ချက်များပါရှိခြင်းမရှိကြောင်း အလောင်းအား သွားရောက်သယ်ယူခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ မသူသူက နိရဉ္စရာသို့ပြောသည်။

"တစ်ကိုယ်လုံးမှာတော့ ဒဏ်ရာအနေအထားက မရှိပါဘူး။ နှာခေါင်းနားကသွေးနည်းနည်း ွက်လို့တော့ရှိပါတယ်။ ပွန်းရာနည်းနည်းလောက်ပါပဲ။ ဒဏ်ရာဒဏ်ရာတွေမဟုတ်ပါဘူး။ ပါလာတာက ဘုန်းကြီးလွယ်အိတ်တစ်လုံးပါလာပါတယ်။ အဲဒီအထဲမှာ ဘုရားစာအုပ်တစ်အုပ်ရယ်၊ မုတ်ဆိတ်ရိတ်တဲ့ပစ္စည်းတခုရယ်လောက်ပါပဲ။ ပိုက်ဆံတွေလည်း မပါလာပါဘူး" ဟုပြောသည်။

အဆိုပါ ဘုန်းကြီးအလောင်းသည် ပုတ်ပွယောင်နေခြင်းမရှိသေးသည့်သဖြင့် ရက်အများမကြာသေးဘဲ တစ်ရက်ခန့်လောက်ကသာ သေဆုံးနိုင်ဖွယ်ရှိနိုင်သည်ဟု မသူသူကဆက်ပြောသည်။

 အလောင်းတွေ့ရှိခဲ့သည့် ချောင်းနွယ်မင်းဂံအနီးအနားတဝိုက်တွင်လည်း ပျောက်ဆုံးနေသည့် ဘုန်းကြီးမရှိဘဲ အဆိုပါအလောင်းသည် ယင်းအနီးအနားတဝိုက်မှမဟုတ်ဟု ဒေသခံများက ပြောသည်။

 လက်ရှိတွင် အဆိုပါဘုန်းကြီးအလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံတွင်ပို့ဆောင်ထားကြောင်း သိရသည်။

 ဓာတ်ပုံ- မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ