- Web Master
- ၁၈ မတ် ၂၀၂၃
နိရဥ္စရာ ၊ မတ် ၄ /
၂၀၂၃
နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့်
ရခိုင်လူမျိုးတို့၏ သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲတော်ကို
ယခုနှစ်တွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင်
စည်ကားသိုက်မြိုက်စွာကျင်းပမည်
ရခိုင်ဘုရင်များလက်ထက်ကပင်
အထွတ်အမြတ်ထားထိန်းသိမ်းပြီး ကျင်းပလာခဲ့သည့်
သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲကို မနက်ဖြန် မတ်လ ၅ ရက်၊ တပေါင်းလပြည့်နေ့တွင်
ပြည်နယ်မြို့တော်၊ စစ်တွေကမ်းခြေတွင် အစဉ်အလာမပျက်ကျင်းပသွားမည်ဟု
သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု
"မနက်ဖြန် နေ့လယ်တစ်နာရီမှာ
ကျွန်တော်တို့ သာကီမဏ္ဍိုင်အဖွဲ့က ဦးဆောင်ပြီး ကမ်းခြေကိုစထွက်ပါမယ်။
အရင်နှစ်ကအတိုင်း သျှစ်သောင်းမြှောက်ပွဲကျင်းပမှာ
သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲမှာ
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အား
ရည်ရွယ်၍ ကျင်းပသကဲ့သို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသည့်
မမြဲသောတရားကို ဆင်ခြင်မိရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတွင်ပါဝင်ဆင်နွှဲသူမျာ
အဆိုပါ
ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်ပွား
"ဒီရေတက်လာတဲ့အချိန်မှာသဲနဲ့ တည်ထားတဲ့
ဘုရားစေတီတွေ ပြိုပျက်သွားတဲ့အခါမှ အောင်မြင်တယ်လို့အယူအဆရှိပါတယ်။
အဓိကတော့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အပါအဝင်
မြောက်ဦးသျှစ်သောင်းပုထိုးတော် တည်ထားကိုးကွယ်မှုကို အကြောင်းပြုပြီး
ကျင်းပပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ မမြဲခြင်းတရားကို
ဆင်ခြင်နှလုံးသွင်းနိုင်ဖို့ရည်
အဆိုပါပွဲကို ယခင်နှစ်
၂၀၂၂ ခုနှစ်ကလည်း စစ်တွေကမ်းခြေတွင် ထောင်နှင့်ချီသော ရဟန်းရှင်လူပရိသတ်များဖြင့်
စည်ကားစွာ သိုက်မြိုက်စွာကျင်းပခဲ့သည်။
ရခိုင်တွင် တိမ်မြုပ်ပျောက်ကွယ်နေသည့်
အဆိုပါသျှစ်သောင်းမြှောက်ပွဲကို စစ်တွေကမ်းခြေတွင် ပြီးခဲ့သည့် ၂ဝဝ၅
ခုနှစ်တွင် ပြန်လည်ဖော်ထုတ်ကျင်းပခဲ့သည်။
၂၀၁၂ ခုနှစ်ခန့်မှ
သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု
ယခုနောက်ပိုင်းတွင် စစ်တွေအပါအဝင်
သံတွဲမြို့၊ ငပလီကမ်းခြေနှင့် မောင်တောမြို့နယ်တို့တွင်လည်း အဆိုပါပွဲကို
ကျင်းပလာနေကြပြီဟု ဒေသခံများက ပြောသည်။ (NN-23)